မီဒီယာမှာလည်း ခွဲခြားဆက်ဆံခံရတာ ရှိနေတယ်

မီဒီယာမှာလည်း ခွဲခြားဆက်ဆံခံရတာ ရှိနေတယ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်မှာနေတဲ့ ဦးတင်ထူးဝင်း (အမည်လွဲ)ရဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံရရှိခဲ့ပါတယ်။ သူရေးလိုက်တဲ့ အကြောင်း အရာကတော့ သက်ကြီးစာပေ ပညာရှင် ကန်တော့ပွဲနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ စာရေးပေးပို့ခဲ့သူအား ဌာနဆိုင်ရာ အရာထမ်း အငြိမ်းစားတစ်ဦးဖြစ်ပြီး စာပေဝါသနာပါသူ ဖြစ်တဲ့ အတွက် တက္ကသိုလ်ကျောင်းသားအရွယ်ကပင် စတင်လိုပ ဝတ္ထုတို၊ ဆောင်းပါးနဲ့ ကဗျာများကို အချိန်ရရင် ရသလို ရေးခဲ့တာ ဒီနေ့အထိပါပဲလို့ ဆိုပါတယ်။

သူ့အနေနဲ့ အငြိမ်းစားအရာရှိ တစ်ဦးဖြစ်ပြီး မိဘအမွေကြောင့် ကိုင်ပိုင်အိမ်ခြံနဲ့ နေနိုင်ရုံမက အလုပ်လုပ်နေရပြီဖြစ်တဲ့ သားသမီးတွေရဲ့ ထောက်ပံ့မှုကြောင့် အေးအေးချမ်းချမ်းနဲ့ မိမိဝါသနာပါတဲ့ စာကို ရံဖန်ရံခါ ရေးနိုင်ပါတယ်။ ဒါပေမယ့် သူနဲ့ ဝါသနာတူ စာရေးဖော်အချို့ဟာ ကံအကြောင်းအ ကြောင့် အဆင်မပြေ ဖြစ်နေကြရတာကို တွေ့မြင်ရပြီး အသက်အရွယ်တွေက ၇၀၊ ၈၀ အသက်အရွယ် ဖြစ်နေ ကြတဲ့အတွက် စာရေးတာတစ်ခုတည်းနဲ့လည်း ရပ်တည်လို့ မရကြတော့ သူတို့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ နေ့စဉ် ဖတ်နေရတဲ့ သတင်းစာထဲမှာ မြန်မာနိုင်ငံ စာရေးဆရာအသင်း က နှစ်စဉ်ကျင်းပနေတဲ့ သက်ကြီး စာပေပညာရှင်များ ကန်တော့ပွဲကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီအချိန် ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပမယ်ဆိုတာ ဖတ်ရလို့ ဝမ်းသာမိပါတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သတင်းကို ဆက်ဖက်လိုက်တော့ သူ့မိတ်တွေတွေအတွက် မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရပါတယ်။ ကန်တော့ခံ သက်ကြီးစာပေ ပညာရှင်များ ရွေးချယ်ရေး အခြေခံမူများမှ စာပိုဒ် (ဃ)ပါ သတ်မှတ်မှာ ဝါသနာအရဖြစ်စေ၊ အသက်မွေးမှုအရ ဖြစ်စေ၊ လုံးချင်း ၃ အုပ် ရေးသားခဲ့ဖူးသူ (သို့မဟုတ်) အမျိုးသားစာပေဆု ရရှိပြီးသူ (သို့မဟုတ်) စာပေဗိမာန် စာမူဆု နှစ်ဆု (သို့မဟုတ်) ပခုက္ကူ စာပေဆု နှစ်ဆုရရှိပြီး သူ (သို့မဟုတ်) ထင်ပေါ်ကြော်ကြား၊ တိုင်းသိပြည်သိ စာပေရေးသား သည့် ကလောင်ရှင် ဖြစ်ရမယ့်အပြင် ပုံနှိပ်မှတ်တမ်းရှိသော စာစောင်မျိုးနှင့် စာအုပ်ငယ်များ ရေးသား ခြင်းမှာ အကျုံးမဝင်ပါကြောင်း ပါရှိပါတယ်။

တကယ်တော့ အများအားဖြင့် မည်သည့် စာရေးဆရာမဆို မိမိရေးခဲ့စဉ်က စာဖတ်သူ အကျိုးရှိစေဖို့ ရည်ရွယ် ရေးသားခဲ့ကြသူများ ဖြစ်ပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ ခေတ်အခြေအနေအရ စီးပွားရေး အခြေအနေအရ စာအုပ် ထုတ်ဝေခွင့်ရဖို့ဆိုတာ အလွန်ပဲ ခက်ခဲပင် ပန်းရတာကို ပြည်သူအများစုက နားလည်ကြပါလိမ့်မယ်။ လူဆိုတာ အသက်အရွယ် ရလာရင် တစ်နေ့ ထက်တစ်နေ့ အထီးကျန်သလို၊ သိမ်ငယ်လာသလို ခံစားကြရတာ ဓမ္မတာဖြစ်မြဲမို့ ပြည်သူတွေအတွက် စေတနာနဲပ ရေးသားတဲ့ စာပေတွေ ဖတ်ရှုခွင့်ရအောင် ကြိုးပမ်းခဲ့ကြတဲ့ စာရေးဆရာကြီးတွေကို ဂုဏ်ပြုပေးရင် စိတ်ဓာတ် ခွန်အားတွေပိုမို မြင့်တက်လာအောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ သူ့အနေနဲ့ ထင်ပါတယ်လို့ ရေးပါတယ်။

စာရေးဆရာအသင်းရဲ့ စာရင်းဇယားအရ အသက် ၈၀ ကျော် စာပေပညာရှင် ၃၀၀၀ ကျော် ရှိပေမယ့် ဝန်နဲ့မမျှလို့ အထွက်ကပြောခဲ့တဲ့ စာပေအခြေခံမူများကို သတ်မှတ်ပြီး စာပေပညာရှင် ၁၈၈ ဦးကို တစ်ဦး ငွေကျပ် နှစ်သိန်းစီနဲပ ဆေးဝါးများ၊ စာအုပ်စာစောင်များနဲ့ ကန်တော့နေတယ်လို့ သိရပါ တယ်။ စာရေးသူတစ်ဦး ဖြစ်တဲ့ သူ့အယူအဆ စာရေးဆရာကြီးတွေဟာ ငွေကြေးပစ္စည်က အဓိကမ ဟုတ်ဘဲ သူတို့ စေတနာနဲ့ လုပ်ရပ်ကို အသိအမှတ်ပြုတဲ့ ပူဇော်ကန်တော့ပွဲကို တက်လိုကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ကန်တော့ပွဲအတွက် ရလာတဲ့ အလှူငွေနဲ့ ပစ္စည်းတွေကို တစ်နိုင်ငံလုံးရှိတဲ့ မြို့နယ်အလိုက် အချိုးကျ ခွဲဝေပြီး မြို့နယ်အလိုက် ပူဇော်ကန်တော့ပွဲ လုပ်သလို မြန်မာနိုင်ငံ စာရေးဆရာအသင်းများကလည်း လုပ်နေကျအတိုင်း မြို့တော်ခန်းမမှာ လုပ်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ စာပေလောကမှာလည်း အခြားလောကတွေလိုပဲ ခွဲခြားဆက်ဆံတဲ့ အစဉ်အလာ ရှိနေတာမျိုး မဖြစ်သင့်ကြောင်း ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly