၀မ္မသူးဆေးရုံ ဝန်ထမ်းအိမ်ရာနှင့် လူနေအိမ်များဖျက်စီးဝင်ရောက်၍ တပ်မ (၁၁) တပ်စွဲ

၀မ္မသူးဆေးရုံ ဝန်ထမ်းအိမ်ရာနှင့် လူနေအိမ်များဖျက်စီးဝင်ရောက်၍ တပ်မ (၁၁) တပ်စွဲ

ဩဂုတ် ၂၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝမ္မသူးတိုက်နယ်ဆေးရုံဝန်းရှိ ဝန်ထမ်းအိမ်ရာများနှင့် ဆရာဝန်နေအိမ်တံခါးမှန်များကို ဖျက်ဆီးကာ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲလျှက်ရှိသည်။

ဝမ္မသူးကျေးရွာရှိ နေအိမ်များကိုလည်း ဖျက်ဆီးခြင်း၊ အိမ်တွင်းပစ္စည်းများ ဖျက်ဆီးခြင်းနှင့် အိမ်တချို့တွင် ဝင်ရောက်နေထိုင်ခြင်းများ ပြုလုပ်နေသောတပ်သည် တပ်မ (၁၁) ဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

''အခုကျွန်တော်တို့ ဝမ္မသူးရွာဆိုတာက ရွာကြီး တိုက်နယ်ဆေးရုံလည်း ရှိတယ်။ ခေတ်အဆက်ဆက်ကနိုင်ငံကောင်းကျိုးနဲ့ တိုင်းရင်းသားအရေး ဦးဆောင်ခဲ့ကြတဲ့ နိုင်ငံရေးသမားကောင်းတွေရဲ့ချက်မြုပ်ဇာတိရွာ ဖြစ်တယ်။ ဒီလိုသမိုင်းကောင်းရှိတဲ့ရွာတွေကို ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်များကို စောင့်ရှောက်ကာကွယ်ပါမယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့စည်းက အခုလိုရွာထဲဝင်ပြီး မင်းမဲ့စရိုက်ဆန်ဆန် ဖျက်လိုဖျက်ဆီး လုပ်သွားတာကတော့ ဒေသခံတစ်ဦးအနေနဲ့ ဘယ်လိုမှအကောင်းမမြင်နိင်ဘူး''ဟု ဝမ္မသူရွာသားတစ်ဦးက ပြောသည်။

ဝမ္မသူကျေးရွာဝန်းကျင်ရွာများဖြစ်သည့် ထုံးကိန်းရွာတွင် မွေးမြူထားသည့် ကြက်၊ဝက်များကို သတ်ဖြတ်စားသောက်ခဲ့ကြပြီး ခွီရိန်းရွာကိုလည်းလက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်လာသဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ဝမ္မသူး ကျေးရွာသည် စစ်ကောင်စီအဖွဲ့ဝင် ဦးမောင်းဟာ၏ ဖခင်ဖြစ်သူ ချင်းအမျိုးသား ခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ ဇာတိဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly