စစ်ကောင်စီ သတင်းပေးကို ကျည်ဆန် ၁၀တောင့်ဖြင့် သတိပေး

စစ်ကောင်စီ သတင်းပေးကို ကျည်ဆန် ၁၀တောင့်ဖြင့် သတိပေး

ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဒါန်းတိုင်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ သတင်းပေး (ဒလန်)ဟု ဒေသခံများက သတ်မှတ်ထားကြသည့် ဦးမျိုးမြင့်အောင်ကို ဥတေန၏တမန်တော်များက ကျည်ဆန်ဆယ်တောင့်ဖြင့် သတိပေးလိုက်ကြောင်း သိရသည်။

“သူက ရွာထဲမှာနဲ့ ရွာအနီးကအကြောင်းတွေကို စစ်ကောင်စီ ကိုသတင်းပေးနေတာဗျ။ ဥတေန၏တမန်တော်များဆိုတာက ဒီဘက်ဒေသခံအဖွဲ့ပဲ။ လောလောဆယ် သူတို့က နာမည်ဝှက်နဲ့လှုပ်ရှားနေကြတာ၊ အရင် ဒီဘက်က သတင်းပေးတွေလည်း သူတို့ပဲရှင်းလိုက်တာဖြစ်မယ်’’ ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးအကြိမ်အဖြစ် သတိသည့်စာတွင် “ဒလန်ဆက်လုပ်နေမယ်ဆိုရင် ကြိုက်တဲ့ ကျည်ဆန်ရွေးလိုက်ပါ မင်းဆီအရောက်ပို့ပေးမယ် “ ဟု သတိပေးစာတွင် ဩဂုတ် ၂၃ရက် ရက်စွဲဖြင့် ရေးသားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျောက်ဆည်မြို့။ ရေပြစ်ကြီးရွာမှ စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင်ဟု ဒေသခံများက သတ်မှတ်ထားသည့် အေးမင်းမောင် (ခ) စောမိုးဇက် ဓားဖြင့် ခုတ်သတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly