Delta မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်အရာရှိများက ပြည်သူများအား အိမ်များတွင် သော့ခတ်ပိတ်ထား

Delta မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်အရာရှိများက ပြည်သူများအား အိမ်များတွင် သော့ခတ်ပိတ်ထား

ကိုဗစ်-၁၉၏ Delta မျိုးကွဲဗိုင်းရပ်စ်တစ်နိုင်ငံလုံးတွင် တစ်ဟုန်ထိုးမြင့်တက်လာစဉ် တရုတ်အရာရှိများက ဒေသခံများအား ၎င်းတို့ နေအိမ်များတွင် သော့ခတ်ပိတ်ထားသည်ကို ဖော်ပြသည့် ဗီွဒီယိုအမြောက်အများ လူမှုကွန်ရက်များပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

ဝူဟန်မြို့၌ ကပ်ရောဂါစတင်ချိန်တွင် တွေ့မြင်ခဲ့ရသည့် အစွန်းရောက် နည်းလမ်းတစ်ခုကို ထပ်မံ လုပ်ဆောင်ခြင်း ပင် ဖြစ်ကြောင်း ကိုနီအဲဗားရင်းတန်က Taiwan News တွင် ရေးသားခဲ့သည်။

တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထား သော ဝန်ထမ်းများက အိမ်တံခါးများပေါ်တွင် သံတိုင်များ ကာရန်ထားခြင်းဖြင့် အိမ်ပြင်ထွက်မသွားစေရန် တားဆီးခြင်းများ ပြုလုပ်ခဲ့သည်ကို ဗီဒီယိုများစွာသည် Weibo၊ Twitter နှင့် YouTube တို့တွင် တွေ့မြင်ခဲ့ရသည်။

တွစ်တာပို့စ်တစ်ခုတွင် လေရှုရန်ထွက်လာသော အမျိုးသားတစ်ဦးသည် သူ၏ တိုက်ခန်း သို့ မပြန်ခင် အပြင်မထွက်ရအမိန့်ကို ဖောက်ဖျက်မှုဖြင့် စွပ်စွဲဖမ်းဆီးခံခဲ့ရပုံပေါ်သည်။

တစ်ရက်လျှင် သုံးကြိမ်ထက် ပို၍ တံခါးဖွင့်သည်ကို တွေ့ရှိခဲ့ပါက အာဏာပိုင်များက သော့ခတ်ပိတ်ထား လိမ့်မည်ဟု YouTube ဗီဒီယိုအာ တည်းဖြတ်တင်ပြသူ တစ်ဦးက ပြောကြားခဲ့သည်။

တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံအပြည့်အစုံဝတ်ထားသော လူများက တံခါးပေါက်တစ်ခုတွင် ကြီးမားသောသတ္ထုချောင်းများကို ကြက်ခြေခတ်ပုံစံအတိုင်း တူဖြင့် ရိုက်နေသည်ကို တွေ့မြင်ရကြောင်း Taiwan News က ဖော်ပြသည်။

Weiboတွင် မူလတင်ထားသော အခြားဗီဒီယိုတစ်ခု၏ အဆုံးနှင့် နောက်ပိုင်း တွစ်တာနှင့် YouTube သို့ တင်ထားသော ဗီဒီယိုများတွင် တံခါးများစွာကို အလုံပိတ်ထားပြီး၊" လူတွေ အပြင်ထွက်လို့မရပါဘူး။ အဖမ်းခံရရင်၊ တံခါးတွေကို အလုံပိတ်ပစ်မယ်”ဟု ဒေသခံများအား အသံလွှင့်ကြေညာနေသည်။ အစစ်အမှန်ဟု အတည်မပြုနိုင်သည့် ဗီဒီယိုတစ်ခုတွင် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံဝတ်ထားသည့် အလုပ်သမားများရှေ့၌ မိန်းကလေးငယ်တစ်ဦးက သော့ခတ်မခံရမီ ကပြနေကြောင်း တွစ်တာသုံးစွဲသူများက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly