ခလရ (၅၈) တပ်ရင်းမှူးနှင့်အရာရှိအချို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခုံရုံးဖွဲ့စစ်ဆေးခံရ

ခလရ (၅၈) တပ်ရင်းမှူးနှင့်အရာရှိအချို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခုံရုံးဖွဲ့စစ်ဆေးခံရ

ဩဂုတ် ၁၅

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ရင်းတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့အခြေစိုက် အမှတ် ( ၅၈ )တပ်မှ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူအချို့ကို မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိတပ်တွင်း စုံစမ်းစစ်ဆေးရေးအဖြစ် ခုံရုံဖွဲ့စစ်ဆေးခံနေရကြောင်း အဆိုပါတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၅) တပ်ရင်း (၃) အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ခလရ ၅၈ တပ်ကို ဝင်ရောက်တိုက်ခိုက်ရာမှာ တပ်ကင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ရသည့်အပြင် လက်နက်အချို့ပါ ပျောက်ဆုံးခြင်းနှင့်ပက်သက်၍ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတစ်ချို့အားစစ်ဆေးနေခြင်းဖြစ်သည်။

ထိုနေ့ညတိုက်ပွဲတွင် ခလရ (၅၈) ဘက်တွင် တပ်ကင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး၊ လက်နက်အချို့ကိုလည်း KIA ဘက်က ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက အခိုင်အမာပြောဆိုထားသော်လည်း စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုအရေအတွက်ကိုမထုတ်ပြန်ဘဲထားသည်။

မြို့စောင့်တပ်တွေအနေဖြင့် တပ်ရင်းကို ရန်သူမှ ဝင်ရောက်တိုက်ခိုက်ပါက အကျအဆုံး အထိအ ခိုက်များရှိနေပါက ၎င်းတပ်ရင်း၏ တပ်ရင်းမှူးအား တာဝန်ပေါ့လျော့မှုအပြင် အမိန့်ပေးစေခိုင်းရာတွင် ညံ့ဖျင်းမှုတွေဖြင့် စစ်ခုံရုံးဖွဲ့ကာ တပ်တွင်းစုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည့် ဝိုင်းမော်မြို့ ခလရ (၅၈) ကို တပ်ဖွဲ့ဝင်အင်အား တစ်ရာကျော် ပြန်လည်ဖြည့်တင်ထားပြီး၊ အသစ်ရောက် လာသည့်စစ်တပ်အရာရှိတစ်ဦမှ ယာယီတပ်ရင်းမှူးတာဝန်ကို ယူထားကာ စီမံကွပ်ကဲနေလျှက်ရှိကြောင်း မဇ္ဈိမက စုံစမ်းသိထားရသည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ တွင် နံနက်ပိုင်းအချိန်မှစ၍ မြစ်ကြီးနားမြို့အပါအဝင် ဝိုင်းမော်မြို့ တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်သံကြားရပြီးသည့်နောက် ခလရ (၅၈) သည် ၎င်းတို့တပ်ဖွဲ့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအား ကျေးရွာအတွင်းမှ တစ်နာရီးအတွင်း ပြောင်းရွှေ့ကြရန် သတိပေးထားသည်။

လက်ရှိအချိန်တွင် ဒေသခံပြည်သူများမှ နီးစပ်ရာဆွေမျိုးများရှိရာသို့ ဘေးလွတ်ရာကို တိမ်းရှောင်သွားပြီ ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly