ကျပ် ၅၀၀၀ တန်နှင့် ၁၀၀၀၀ တန်များကို ရုပ်သိမ်းပြီး ဘဏ်များပိတ်သိမ်းမည့်သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ကျပ် ၅၀၀၀ တန်နှင့် ၁၀၀၀၀ တန်များကို ရုပ်သိမ်းပြီး ဘဏ်များပိတ်သိမ်းမည့်သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ဩဂုတ် ၁၃

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ဘဏ်များကို ပိတ်သိမ်းပြီး ကျပ်ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန်များကို ရုပ်သိမ်းမည့်သတင်းသည် အမှန်တကယ်မဟုတ်ဘဲ သတင်းမှားသာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သည်။

ယင်းသို့ ဘဏ်များကို ပိတ်သိမ်းပြီး ကျပ်ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန်များကို ရုပ်သိမ်းမည့်ဆိုသည့် သတင်းကြောင့် ဘဏ်များတွင် ငွေထုတ်ယူနေသူများပြားနေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေး စနစ်တည်ငြိမ်အောင် ဆောင်ရွက်လျှက်ရှိပြီး ဘဏ်များအနေဖြင့်လည်း သတ်မှတ်ချက်များအတိုင်း ခိုင်မာစွာ ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။

ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုများအပေါ် စိုးရိမ်မှုမရှိဘဲ ယုံကြည်စွာသုံးစွဲနိုင်ကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ်များသို့ ညွှန်ကြားထားကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly