ချောင်းဦး၊ ဒီဇင်ဘာ ၁၂ ။ ။ မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေဝင်းက ကတ်ထူစက္ကူအမှိုက်ပုံး ၁၀၀ ကျော်အား ဒီဇင်ဘာ ၁၂ ရက်နေ့တွင် လိုက်လံဝေငှ ခဲ့ပြီး စည်ပင်ဝန်ထမ်းများနှင့်အတူ အမှိုက်ကောက်ခဲ့သည်ကိုတွေ့ရသည်။
"အမှိုက်ပုံးထဲကို ပစ်ဖို့အတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ အမှိုက်သိမ်းဖို့ရာက စည်ပင်သာယာမှာ တာဝန်ရှိတယ်။ အမှိုက်ကောက်ရုံတင်မကပဲ အမှိုက်ပုံးထဲကို ပစ်ရတယ် ဆိုတဲ့ အသိလေး ရစေချင်လို့ အမှိုက်ပုံးတွေ ဝေငှခဲ့ခြင်းဖြစ်ပါတယ်။"ဟု ဦးနေဝင်းက ပြောသည်။
အဆိုပါ တန်ဖိုးနည်းပြီး အလွယ်တကူရနိုင်သည့် စက္ကူအမှိုက်ပုံးများလတ်တလော အခြေအနေအတွက် ဝေငှခြင်းဖြစ်ပြီး နောက်ရက်များတွင်လည်း ထပ်မံဝေငှမည်ဖြစ်ကာ လူသွားလူလာ များသော နေရာများတွင် ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။