မန္တလေးပဲဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံ အရောင်းအဝယ်ကောင်းနေ

မန္တလေးပဲဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံ အရောင်းအဝယ်ကောင်းနေ

ဩဂုတ် ၁၁ 

အိန္ဒိယနိုင်ငံက ဝယ်ယူမှုကြောင့် ယခုရက်ပိုင်းအတွင်း မန္တလေး ပဲဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံ များ အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့ရှိ ပဲကုန်သည်များထံမှ သိရသည်။

မန္တလေးပဲဈေးကွက်တွင် ယနေ့ပေါက်ဈေးများအနေဖြင့် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀၊ ယခုနှစ်ထွက် ရှိသည့် ပဲစင်းငုံအသစ်မှာ သုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ နှုန်းဖြင့် အရောင်းသွက် လျက်ရှိကြောင်း သိရသည်။

" ပဲစင်းငုံပေါက်ဈေးကတော့ ငါးနှစ်အတွင်းမှာ မကြုံစဖူးထူးထူးခြားခြားပဲ ထိပ်ဆုံးဈေးကို ရောက်ရှိလာတယ်။ ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံက ငါးနှစ်ဆက်တိုက် ဝယ်ယူမယ့် သတင်းတွေကြောင့် တောင်သူတွေအဖို့ အခြေအနေ ကောင်းကို မြင်တွေ့နေရပါပြီ " ဟု မန္တလေးမြို့မှ ပွဲရုံပိုင်ရှင် တစ်ဦးကပြောပြသည်။

ထို့ပြင် ပြည်တွင်း၌သာ အဓိကရောင်းချရသည့် ပဲအမျိုးအစားများဖြစ်သော ကုလားပဲ၊ ပဲကြီး၊ ပဲနီပြားနှင့် စားတော်ပဲများမှာ ကိုဗစ်ကာလအတွင်း ပြည်တွင်း စားသုံးမှု များပြားသည့်အတွက် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မန္တလေးပဲ ဈေးကွက်၌ ပဲကြီး သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၁၅ဝဝဝဝ၊ ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၂၄၀၀၀၊ ပဲနီပြား သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၁၄၀၀၀၀၊ စားတော်ပဲ သုံးကင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၅ဝဝဝဝ ပေါက်ဈေးများရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly