အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ၈ ဒသမ ၅ ကီလိုမီတာရှည်သည့် ရာသီမရွေးအသုံးပြုနိုင်သည့် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ပြီးစီး

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ၈ ဒသမ ၅ ကီလိုမီတာရှည်သည့် ရာသီမရွေးအသုံးပြုနိုင်သည့် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ပြီးစီး

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား ဒေသရှိ ကွာဇီခန်နှင့် ဘာနီဟောလ်တို့ကို ဆက်သွယ်ထားသော ၈ ဒသမ ၅ ကီလိုမီတာရှည်သည့် ရာသီမရွေးအသုံးပြုနိုင်သည့် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ခြင်းလုပ်ငန်းပြီးစီးသွားပြီဖြစ်၍ စမ်းသပ်အသုံးပြုရန်အဆင်သင့်ဖြစ်နေပြီဟု ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နီတင်ဂတ်ခါရီက သြဂုတ်လ ၃ရက်က ပြောကြားခဲ့သည်။

“ ဝန်ကြီးချုပ် မိုဒီ၏ ဦးဆောင်မှုအောက်တွင် ဂျမူးနှင့် ကက်ရှ်မီးယားနယ်မြေ၌ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုအတွက် နောက်ထပ်မှတ်တိုင်တစ်ခုဖြည့်ဆည်းပေးခဲ့ပြီဖြစ်သည်။ ကွာဇီခန်နှင့် ဘာနီဟောလ် တို့ကို ဆက်သွယ်ထားသော ၈ ဒသမ ၅ ကီလိုမီတာရှိသည့် ဥမင်လိုဏ်ခေါင်းအပြီး သတ်သွားပြီဖြစ်သဖြင့် စမ်းသပ်သုံးစွဲမည်ဖြစ်သည်” ဟု ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးကြောင်း အတည်ပြုပြီးနောက် ပြည်ထောင်စုဝန်ကြီး နီတင်ဂတ်ခါရီက တွစ်တာတွင် ရေးသားခဲ့သည်။

ယင်းကို“ ပရာဂါတီခါ အဝေးပြေးလမ်း” ဟု အမည်ပေးထားပြီး ဝန်ကြီးက“ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၅၈၀ဝ တွင်တည်ဆောက်ထားသော ဥမင်သည် ဂျဝါဟာဥမင်လိုဏ်ခေါင်းကို အစားထိုးသုံးစွဲမည်ဖြစ်ပြီး ရာသီဥတုမရွေး ဆက်သွယ်မှုအားလုံးကို ထောက်ပံ့ပေးလိမ့်မည်ဖြစ်သည်။ ဂျမူးနှင့် စရီနဂါ အကြားခရီးသွားချိန်ကို ၁ နာရီခွဲနှင့် ၁၆ ကီလိုမီတာခန့်လျှော့ချလိမ့်မည်ဖြစ်သည်။

ဥမင်လိုဏ်ခေါင်းသည် ဂျမူးနှင့် ကက်ရှ်မီးယားအကြားဆက်သွယ်မှုကို လွယ်ကူချောမွေ့စေပြီး ဆောင်းရာသီတွင် ဆီးနှင်းများကျဆင်းခြင်းနှင့် မြေပြိုခြင်းများကြောင့်လမ်းပိတ်ခြင်းပြဿနာကို ဖြေရှင်းပေးလိမ့်မည်ဖြစ်သည်။

ယင်းဥမင်ကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းသည့် BOT စနစ်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး နိုင်ငံတော်အဝေးပြေးလမ်းမကြီးများတွင် အခက်ခဲဆုံးမြေပြင်အနေထားကိုဖြတ်သန်းတည်ဆောက်ရခြင်းဖြစ် သည်။

ယင်းဥမင်တွင် ဓာတ်ငွေ့များဖယ်ရှားပြီး လေကောင်းလေသန့်ရရှိစေရန် အပူထုတ်စနစ်တပ်ဆင်ထားပြီး ဂျက်ပန်ကာ ၁၂၄ ခု၊ CCTV ၂၃၄ လုံးနှင့် မီးငြိမ်းသတ်စနစ်တပ်ဆင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly