ဝိုင်းမော်တပ်က ရမ်းကားပစ်ခတ်ပြန်

ဝိုင်းမော်တပ်က ရမ်းကားပစ်ခတ်ပြန်

ဩဂုတ် ၈

ညစဉ်ရက်ဆက် လက်နက်ကြီး/လက်ငယ်များကို ပစ်နေတဲ့ ဝိုင်းမော်မြို့အခြေစိုက် အမှတ် (၅၈) တပ်ရင်းက အခုချိန်မှာ ပစ်ခတ်မှုစလုပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ယနေ့ည ၈ နာရီအချိန်ကတည်းကစပြီး ခလရ ( ၅၈ ) မှ လက်နက်ကြီး၊ လက်နက်ငယ် အချက်ရေ ၃၀ ထက် မနည်း ပစ်ခတ်သံကြားရပြီး လက်ရှိအချိန်ထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများက အတည်ပြု အခိုင်အမာဆိုကြပါတယ်။

ဒီမနက်ကတည်း ကချင်ပြည်နယ်ဒေသအတွင်းက မြို့နယ်အချို့မှာ မိုးက ရွာသွန်းနေတာဖြစ်ပြီး ဒီလိုရာသီဥတု ဆိုးဝါးနေတဲ့အချိန်ညမှာတောင် လက်နက်ကြီးများပါ၀င်ကာ ဒေသခံများနေထိုင်တဲ့ ကျေးရွာများဘတ် ပစ်ခတ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly