PDF က စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက် စစ်သားများသေဆုံးဒဏ်ရာရ

PDF က စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက် စစ်သားများသေဆုံးဒဏ်ရာရ

ဩဂုတ် ၈

ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် မုံရွာဘက်မှတက်လာသော စစ်ကောင်စီတပ်စစ်ကားကြီးနှစ်စီးကို ယမန်နေ့ညက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သားများသေဆုံးဒဏ်ရာရသွားကြသည်။ 

ရေဦး ၊ မုံရွာလမ်းမကြီး ပြန်ကျကျေးရွာနှင့်ကျည်ကျေးရွာအကြား ဂူတော်ကြီးလမ်းခွဲအနီးတွင် ငါးစီးပါ စစ်ကောင်စီယာဉ်တန်းကို ည ၉ နာရီအချိန်တွင် မိုင်းထောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မှ ဖောက်ခွဲတိုက်ခိုက်သည့်မိုင်း သုံးလုံးပေါက်ကွဲကာ စစ်ကားအကြီးနှစ်စီး ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း နယ်ခံ PDF အဖွဲ့ဝင်တစ်ဦးက ကိုပြောသည်။ 

“ပေါက်ကွဲအားကတော့ တော်တော်ပြင်းတယ်၊ ပေါက်ကွဲမှုအနီးက တစ်မိုင်လောက်ဝေးတဲ့ ဘုရားထွက်ရွာ အထိပါကြားရတယ်၊ မြေပြင်သတင်းပို့တဲ့သူတွေပြောတာတော့ ကားနှစ်စီး လမ်းဘေးကို ထိုးကျသွားတယ်ဆိုပြီးပြောတယ်၊ စစ်သားတွေသေဆုံးတဲ့အရေအတွက်တော့ ညဘက်ဆိုတော့မသိနိုင်ဘူး” ဟု သူက စစ်ကားမိုင်းခွဲခံရမှုကို ရှင်းပြသည်။ 

ထို့နောက်မိုင်းခွဲခံရသည့် စစ်ကားများဘက်မှ အနီးပတ်ဝန်းကျင်နေရာများအား လက်နက်ကြီး လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သွားကြောင်း ဒေသခံကဆိုသည်။

“သူတို့က မိုင်းခွဲခံရတဲ့နေရာကနေ ဒီပဲယင်းကိုရောက်တဲ့အထိ၊ စစ်ကားတွေကဒီတိုင်းမောင်းပြီး စစ်သားတွေက လမ်းလျှောက်သွားတာ၊ တစ်လမ်းလုံးလဲ ပစ်ခတ်မှုတွေလုပ်သွားကြတယ်၊ လေးမိုင်ခရီးလောက်တော့ သူတို့လျှောက်သွားကြတာ၊ ရွာသစ်၊ ယင်းတွေ၊ မဲသည်၊ အဲ့ဒီရွာတွေဘက်ကို ဒီတိုင်းရမ်းပစ်သွားကြတာ” ဟုဆိုသည်။ 

စစ်ကောင်စီတပ်သားများသည် ဒီပဲယင်းမြို့တွင် ညအိပ်စခန်းချကြသည်။ မနက်အစောပိုင်း ၆ နာရီခန့်တွင် ဒီပဲယင်းမြို့အရှေ့ခြမ်း ရွာရှည်ရွာမှစတင်ကာ လက်ယက်ကုန်း၊ ညောင်ဈေးကုန်းကျေးရွာများကိုဖြတ်ကာ ညောင်လှကျေးရွာအနီးအရောက်တွင် ဒေသခံပြည်သူများ၏ ဆိုင်ကယ် ခြောက်စီးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံကဆိုသည်။ 

“အဲ့ဒီဆိုင်ကယ်တွေက ကျွန်တော်တို့ဖုန်းဆက်မေးကြည့်တာကတော့ ပျိုးနုတ်သွားကြတဲ့ ဒေသခံတွေက လမ်းမဘေးမှာ ရပ်ထားတာကို စစ်သားတွေမီးရှို့သွားတာလို့ သိရတယ်” ဟု ဆိုင်ကယ်များမီးရှို့ခံရမှုအခြေအနေကိုပြောသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သားများသည် ညောင်လှကျေးရွာ ဘုန်းကြီးကျောင်းတွင်တပ်စွဲကာ ဘုန်းကြီးကျောင်းသား လူငယ် ခုနစ်ဦးအားဖမ်းဆီးထားကြောင်း ဒေသခံများကဆိုပေမယ့် အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly