ဂန်စူပြည်နယ်တွင် တိဘက်ဘုရားကျောင်းကို တရုတ်ဒေသခံအစိုးရက ပိတ်ပစ်ပြီးနောက် ဘုန်းတော်ကြီးများနှင့် သီလရှင်များကို နှင်ထုတ်

ဂန်စူပြည်နယ်တွင် တိဘက်ဘုရားကျောင်းကို တရုတ်ဒေသခံအစိုးရက ပိတ်ပစ်ပြီးနောက် ဘုန်းတော်ကြီးများနှင့် သီလရှင်များကို နှင်ထုတ်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂန်စူပြည်နယ်အာဏာပိုင်များက လင်ရှားဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိ တိဘက်ဘုန်းကြီးကျောင်းတစ်ကျောင်းကို အတင်းအဓမ္မပိတ်ပစ်လိုက်ကြောင်း RFA မှ သိရှိရသည်။

ယွိလင်းထာကျောင်းဟုလည်းခေါ်သော ဟုန်ချန်ကျောင်းတိုက်မှ ဘုန်းတော်ကြီးများက "ဘုန်းတော်ကြီးများကို အတင်းအဓမ္မ သင်္ကန်းချွတ်ခိုင်းခြင်းသည် တရားမဝင်ကြောင်းနှင့် လက်မခံနိုင်ကြောင်း" ဟူသောစာတန်းများ ကိုင်ဆောင်ထားပြီး တခြားကြွေးကြော်သံများ ဟစ်ကြွေးသည့် အဖြစ်အပျက်များကို ဗီဒီယိုများတွင် တွေ့မြင်ခဲ့ရသည်။

ဘုန်းကြီးကျောင်းများ၏ ခေါင်မိုးပေါ်တွင် ထိုင်နေကြသည့် ဘုန်းကြီးများက မြေပြင်ရှိ အမည်မည်ဝါမှန်းမသိရသူ လူတစ်စုကို အော်ဟစ်နေသည်ကို ဗီဒီယိုများတွင် တွေ့မြင်ခဲ့ရသည်။

သီလရှင်များသည် ထွက်ခွာရန် ဖိအားပေးခံနေရစဉ် ဝမ်းနည်းငိုကြွေးပြီး အခြားသူများက "ရပ်လိုက်၊ ဒါကိုရပ်လိုက်ပါ " "အားလုံးကိုဗီဒီယိုရိုက်ထား၊ ခုန်ကြစို့ " ဟု အော်ဟစ်နေကြသည်။

ယုန်ကျင်းခရိုင်တိုင်းရင်းသားလူနည်းစုနှင့် ဘာသာရေးကိစ္စရပ်များဆိုင်ရာဗျူရိုမှ ဖုန်းကို ဖြေကြားခဲ့သော ဝန် ထမ်းတစ်ဦးက သြဂုတ် ၂ရက်တွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။

ဘုန်းကြီးကျောင်းစီမံခန့်ခွဲမှုကော်မတီ၏ ဒါရိုက်တာ ချွေသည် ဘုန်းကြီးများနှင့် သီလရှင်များကို နေရာချထားရေးတွင် တာဝန်ရှိသည်ဟု ဝန်ထမ်းက ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်ကို လေ့လာနေသူ အမေရိကန်အခြေစိုက်ဝေဖန်သုံးသပ်သူ မာဂျူ ယင်းနှင်ထုတ်စဉ်အတွင်း ဘုန်းကြီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း ဆိုသည်။

ဟုန်ချန်ကဲ့သို့ပင် ယခင်ကလည်း အခြားဘုန်းကြီးကျောင်းများကို ယခုကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required