အိန္ဒိယနှင့် အမေရိကန်တို့ အာဖဂန်ပြသနာအတွက် ဘုံအဖြေတစ်ခုရှာဖွေ

By The Indian Express
05 August 2021
အိန္ဒိယနှင့် အမေရိကန်တို့ အာဖဂန်ပြသနာအတွက် ဘုံအဖြေတစ်ခုရှာဖွေ

အကြမ်းဖက်မှု သို့မဟုတ် အာဏာချုပ်ကိုင်ထားမှုသည် တည်ငြိမ်မှုကို ဦးတည် လိမ့်မည်မဟုတ်ကြောင်း အိန္ဒိယနှင့် အမေရိကန်တို့က သဘောတူညီခဲ့ကြသောကြောင့် အာဖဂန်နစ္စတန်၏ လက်ရှိ ပြသနာနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ယခင်ကထက် ပိုမိုနီးစပ်လာခဲ့သည်။

ယခုသဘောတူညီချက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဂျိုင်းရှန်ကာ နှင့် တွေ့ဆုံပြီး ရရှိခဲ့သောအဓိကအချက်များထဲမှ တစ်ခုဖြစ်သည်ဟု The Indian Express က လေ့လာသိရှိခဲ့သည်။

အကြမ်းဖက်မှုများက အာဖဂန်နစ္စတန်တည်ငြိမ်မှုကို မဖြစ်ပေါ်စေကြောင်း ဘလင်ကန်၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် သုံးသပ်ချက်ကို အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အာဂျစ် ဒိုဗယ်လ်နှင့် ပြည်ပရေးရာဝန်ကြီး ဂျိုင်းရှန်ကာတို့နှင့် တွေ့ဆုံမှုများအပြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

တာလီဘန်တို့၏ ရက်စက်ယုတ်မာမှုများနှင့် အဓိကမြို့ကြီးများကို လျင်မြန်စွာသိမ်းယူမှုသည် အလွန် စိုးရိမ်ဖွယ်ကောင်းကြောင်း အိန္ဒိယအကဲဖြတ်ချက်ကိုလည်း အမေရိကန်ကိုယ်စားလှယ်များက သဘောတူခဲ့သည်။

သို့သော်လည်း နည်းပညာကုမ္ပဏီကြီးများနှင့် အိန္ဒိယအစိုးရက ထိပ်တိုက်ရင်ဆိုင်မှုရှိနေသည့် နောက်ခံ အကြောင်းရင်းများကို ထည့်သွင်းမစဉ်းစားဘဲ အမေရိကန်က နိုင်ငံတကာလွတ်လပ်ခွင့်များ ၏ စံနှုန်းများကို ထောက်ခံရန်အိန္ဒိယ၏ ပါဝင်ထောက်ခံမှုကို ရယူခဲ့သည်။

ဇူလိုင်လ ၂၈ရက်က ၂ နာရီကြာတွေ့ဆုံမှုအတွင်း အိန္ဒိယကိုယ်စားလှယ်အဖွဲ့မှ ပျော့ပြောင်းညင်သာသည့် တိုက်တွန်းမှ တစ်ခုလည်း ပြုလုပ်ခဲ့သည်။

လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်ကိစ္စတို့နှင့် ပတ်သက်၍ အိန္ဒိယက မိမိတို့အစိုးရနှင့် မိမိတို့ကို အကဲမဖြတ် ရန် ဆိုလိုခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အမေရိကန်တွင် လူမျိုးရေးတင်းမာမှု တည်ရှိနေသလို အိန္ဒိယတွင်လည်း ကက်ရှ်မီးယားပြဿနာများကဲ့သို့ ၂ နိုင်ငံစလုံးက သမိုင်းဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနေရကြောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly