မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေး၀န်ကြီးကို အာဆီယံ ခန့်အပ် 

By Thomson Reuters Foundation
04 August 2021
မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေး၀န်ကြီးကို အာဆီယံ ခန့်အပ် 
Photo: EPA

ဩဂုတ် ၄

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ နိုင်ငံခြားရေး၀န်ကြီးများသည် ဘရူနိုင်းနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေး၀န်ကြီး အာရီ၀မ် ယူဆော့ဖ်ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း သံတမန် သတင်းရင်းမြစ် လေးဦးက ရိုက်တာကို ပြောသည်။ 

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရထံမှ ပြီးခဲ့သည့် ခြောက်လအကြာက အာဏာသိမ်းယူထားခဲ့သည့် မြန်မာစစ်တပ်ကမူ ထိုင်းနိုင်ငံ၏ ဒုနိုင်ငံခြားရေး၀န်ကြီး ၀ီရာဆတ် ပူထရာကူလ်ကို အဆိုပါ နေရာအတွက် ခန့်အပ်လိုနေသည်ဖြစ်ရာ ယင်းအတွက်ကြောင့် အာရီ၀မ်အား အတည်ပြုမှုကို ကြန့်ကြာထားစေခဲ့သည်။ 

မြန်မာဆိုင်ရာ အထူးသံတမန် ခန့်အပ်မှုကိစ္စနှင့်ပတ်သက်ပြီး အာဆီယံအုပ်စုအတွင်း သဘောကွဲလွဲမှုများနှင့်အတူ လများနှင့်ချီကြာ အခြေအတင် ဆွေးနွေးထားခဲ့ရသည်။ အဆိုပါ မြန်မာဆိုင်ရာ အထူးသံတမန်အနေဖြင့် အကျပ်အတည်းကြုံတွေ့နေရသည့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းအုပ်စုနှင့် ၎င်းတို့၏ အတိုက်အခံများအကြား ညှိနှိုင်းဆွေးနွေးမှုများကို လမ်းကြောင်းဖွင့်လှစ်ရေးနှင့် အကြမ်းဖက်မှုများလျော့ကျစေရေးအတွက် ဆောင်ရွက်ရန် တာ၀န်ပေးအပ်ခံရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်လည် ရရှိရေးအတွက် သံတမန်ရေးရာ အားထုတ်မှုများကို ဦးဆောင်ရန် မြန်မာပါ၀င်သော အဖွဲ့၀င် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုကို အမေရိကန်နှင့် တရုတ်အပါအ၀င် နိုင်ငံအများအပြားနှင့် ကုလသမဂ္ဂတို့က တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required