မြန်မာစစ်ကောင်စီ အိမ်စောင့်အစိုးရဖွဲ့စည်းမှု ကုလ ဝေဖန်

04 August 2021
မြန်မာစစ်ကောင်စီ အိမ်စောင့်အစိုးရဖွဲ့စည်းမှု ကုလ ဝေဖန်

မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေ အိမ်စောင့် အစိုးရ ဖွဲ့စည်းပြီး အာဏာဆက်လက် ချုပ်ကိုင်ထားဖို့ ကြိုးစားတဲ့လုပ်ရပ်ဟာ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို မျက်ကွယ်ပြုပြီး ဆန့်ကျင်ဘက် လမ်းကြောင်းကို သွားနေတာလို့ ကုလသမဂ္ဂက ဖေဝန်ပါတယ်။ 

“အချုပ်ပြောရရင် ဒါဟာ လမ်းကြောင်းမှန်ကို သွားနေတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်ရဖို့၊ နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးဖို့ အကြမ်းဖက် ခြေမှုန်းမှုတွေရပ်ပစ်ဖို့ ဆိုပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေတောင်းဆိုနေတဲ့ လမ်းကြောင်းကနေ ပိုဝေးသွားစေတာ ဖြစ်ပြီး စစ်တပ်အာဏာသိမ်း ထားတဲ့ ၆ လအတွင်း မြန်မာနိုင်ငံရဲ့ အခြေနေဟာ အတော့်ကို ဆိုးဝါးသွားသလို ဒေသတွင်းမတည်မငြိမ်ဖြစ် မယ့် ခြိမ်းခြောက်မှုကိုပါ ရင်ဆိုင်လာရတာဖြစ်ပါတယ်။ ဒ့ါအပြင် ကိုဗစ် ၁၉ ကပ်ရောဂါရိုက်ခတ်မှုဒဏ်ကိုပါ ခံလာကြရတာကြောင့် အခြေနေဟာ ပိုဆိုးလာတဲ့ အတွက် ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တညီတညွတ်ထည်း ဆုံးဖြတ်လုပ်ကိုင်ကြဖို့ သိပ်ကို အရေးကြီးနေဆဲ ဖြစ်ပါတယ်။” 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly