တစ်လအတွင်း စစ်ကောင်စီဘက်က ၆၅ ယောက်သေပြီး ၁၀၀ ကျော်ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်

တစ်လအတွင်း စစ်ကောင်စီဘက်က ၆၅ ယောက်သေပြီး ၁၀၀ ကျော်ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်

ဩဂုတ် ၃

KNU တပ်မဟာ ၅ နယ်မြေမှာ KNLA နှင့် စစ်ကောင်စီတို့တိုက်ပွဲ ၁၃၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ယောက်သေခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တစ်လတာအတွင်း အကြမ်းဖက်စစ်တပ်နဲ့ KNLA တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၆၅ ယောက်သေကာ ၁၀၁ ယောက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တွေကလည်း ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ၂၅ ကြိမ်လောက် ပစ်ခတ်ခဲ့သလို အများပြည်သူသုံးတဲ့ လမ်းတွေမှာ မိုင်းတွေမြှုပ်နှံခဲ့လို့ ပြည်သူ ၄ ယောက် ဒဏ်ရာရကြောင်းလည်းနဲ့ အနည်းဆုံး ဒေသခံနေအိမ် ၅ လုံးလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်းသိရပါတယ်။

ဒီ့အပြင် ဇူလိုင်လအတွင်း ကရင်နယ်ခြားစောင့်တပ် BGF ဘက်က တပ်ဖွဲ့ဝင် ၂ယောက် လက်နက်ချအလင်းဝင်ကြောင်းနဲ့ လက်နက်ငယ် ၄ လက် သိမ်းဆည်းရမိကြောင်း၊ KNLA တပ်သား ၃ ဦး ဒဏ်ရာရကြောင်း တပ်မဟာ ၅ မူတြော်ခရိုင် ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒို့မှ အတည်ပြုပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေမွေးမြူထားတဲ့ ကျွဲ၊ နွား၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်မှုတွေရှိခဲ့ပြီး အရေအတွက်ကိုတော့ စာရင်းအတိအကျမကောက်ယူနိုင်သေးကြောင်းလည်း KNU ကထုတ်ပြန်ခဲ့ပါတယ်။

Photo-Thoolei News
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required