အိန္ဒိယတွင် ဟင်းလင်းပြင်၌ အညစ်အကြေးစွန့်သည့် အလေ့အထပပျောက်ရေးအစီအစဉ် အဆင့် ၂ ၌ အိမ်သာ အလုံး သိန်း ၅၀ ဆောက်လုပ်သွားမည်

အိန္ဒိယတွင် ဟင်းလင်းပြင်၌ အညစ်အကြေးစွန့်သည့် အလေ့အထပပျောက်ရေးအစီအစဉ် အဆင့် ၂ ၌ အိမ်သာ အလုံး သိန်း ၅၀ ဆောက်လုပ်သွားမည်

အိန္ဒိယတွင် အကာအကွယ်မဲ့ အညစ်အကြေးစွန့်သည့် အလေ့အထ ပပျောက်ရေး အစီအစဉ်ဖြစ်သည့် Swachh Bharat Mission (Grameen) အဆင့် ၂အရ ယခုနှစ်အတွင်း နေအိမ်များတွင် အိမ်သာ သိန်း ၅၀ နှင့် အများသုံး အိမ်သာ ၁ သိန်း တိုက်ခန်း၂၄၀၀ ၌ ပလပ်စတစ်များ စွန့်ပစ်မည့် နေရာ နှင့် ရေဆိုးစွန့်ပစ်စနစ်များကို ကျေးရွာ တစ်သိန်းကျော်တွင် အကောင်အထည်ဖော်သွားမည်ဟု ရေအရင်းအမြစ် ဝန်ကြီးဌာနနှင့် သောက်သုံးရေနှင့် သန့်ရှင်းရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ထားသည့် Jal Shakti ဝန်ကြီးဌာန ဝန်ကြီး ဂါဂျန်ဒရာဆင်း ရှီခါဝပ်က ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။

ယင်းသို့ အကောင်အထည်ဖော်ရာတွင် ခရိုင် ၃၈၆ ခု၌ နွားချေးများ စွန့်ပစ်ရန်နှင့် ဇီဝအညစ်အကြေး စွန့်ပစ်မည့် ဂိုဘာဓန် စီမံကိန်းများနှင့် မစင်အညစ်အကြေး ရှင်းလင်းရေး လုပ်ငန်းလည်း ပါဝင်မည်ဟု ၎င်းက ပြောကြားသည်။

တစ်ကမ္ဘာလုံးတွင် သန့်ရှင်းမှုရှိစေရန် အရှိန်မြှင့်လုပ်ဆောင်ရန်နှင့် နိုင်ငံတွင်း သန့်ရှင်းစေရန် ဝန်ကြီးချုပ်မိုဒီသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလက Swachh Bharat Mission ကို စတင်ခဲ့သည်။

အဆိုပါ အစီအစဉ်ကြောင့် အိန္ဒိယနိုင်ငံရှိ ကျေးရွာများအားလုံး၊ ခရိုင်များ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေအားလုံးတွင် အိမ်သာ အလုံး သန်း ၁၀၀ ဆောက်လုပ်ခဲ့ပြီး ‘ဟင်းလင်းပြင်၌ မစင်စွန့်မှု ကင်းစင်ကြောင်း’ (ODF) ကို မဟတ္တမဂန္ဓီ၏ နှစ် ၁၅၀ မြောက် မွေးနေ့ဖြစ်သော ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် ကြေညာနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly