ကန်ပက်လက်တာဝန်ကျရဲတပ်ရင်းမှရဲ၃၀ တွင် ၂၇ဦးကိုးဗစ်ပိုးတွေ့ရှိ

ကန်ပက်လက်တာဝန်ကျရဲတပ်ရင်းမှရဲ၃၀ တွင် ၂၇ဦးကိုးဗစ်ပိုးတွေ့ရှိ

ကန်ပက်လက် - ဩဂုတ် ၂

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် မြို့လုံခြုံရေးယူရန်ရောက်ရှိလာသည့်ရဲတပ်ရင်းမှရဲတပ်သားများကို ကိုဗစ်-၁၉ ပိုးရှိမရှိစစ်ဆေးခဲ့ရာ၊ရဲသား၃၀ တွင်၂၇ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟုသိရသည်။

''သူတို့က ရဲတပ်ရင်းတွေပါ။ အစရောက်ရောက်ခြင်းတုန်းကတော့ ကျောင်းမှာနေကြတယ်နောက်တော့ ထွေအုပ်မှာပြောင်းပြီး မြို့လုံခြုံရေးယူတဲ့အဖွဲ့တွေပါ။အဲဒီထဲမှာတစ်ယောက်က အနံ့ကောင်းကောင်းမရဘဲ နေမကောင်းချင်သလိုဖြစ်တယ်ဆိုလို့ ပိုးစစ်ကြည့်တာကိုးဗစ်ပိုးတွေ့တယ် ကျန်တဲ့ရဲသားတွေကိုလည်းစစ်ကြည့်လိုက်တော့ အယောက်၃၀မှာ ၂၇ ယောက်ကကိုးဗစ်ပိုးတွေ့နေတယ်လို့''အမည်မဖော်လိုသူကျန်းမာရေးဝန်ထမ်းတစ်ဦးကဆိုသည်။

အဆိုပါရဲတပ်ရင်းမှာမြို့လုံခြုံရေးသီးသန့်ဖြစ်ပြီးပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမရှိသည့်အတွက်စိုးရိမ်စရာမရှိဟုလည်းသိရသည်။လက်ရှိ ကန်ပက်လက်မြို့တွင်ကိုဗစ်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၅၆ဦးအထိရှိနေသည်ဟုလည်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly