မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့် ဖိနှိပ်မှုအပေါ် ကုလ သတိပေး

30 July 2021
မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့် ဖိနှိပ်မှုအပေါ် ကုလ သတိပေး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေ အတွက် ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ “လွန်ခဲ့တဲ့ ၆ လအတွင်း သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ၄၆ ယောက်ဟာလည်း ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်းတွေ ရရှိထားပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို လေးစားဖို့နဲ့ သတင်းသမားတွေ အရေးယူခံရမှာ စိုးရိမ်စရာမလိုဘဲ သတင်းတင်ပြခွင့်ပြုဖို့လည်း ကုလသမဂ္ဂ ဌာနေရုံးက တောင်းဆိုထားပါတယ်။ ဒီလို အခြေခံအခွင့်အရေးတွေဟာ COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ ပိုပြီးတော့တောင် အရေးကြီးပါတယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly