တရုတ် ရဲတပ်ဖွဲ့က စောင့်ကြည့်နေသည့် ကွမ်တုံပြည်နယ်မှ အတိုက်အခံကဗျာဆရာတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

တရုတ် ရဲတပ်ဖွဲ့က စောင့်ကြည့်နေသည့် ကွမ်တုံပြည်နယ်မှ အတိုက်အခံကဗျာဆရာတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

မျက်မှောက်အခြေအနေများကို သုံးသပ်ရေးသားနေပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်မှ ကဗျာဆရာတစ်ဦးသည် ပိုးသတ်ဆေးများသောက်ပြီးနောက် သေဆုံးသွားခဲ့သည်။

အသက် ၆၂ နှစ်အရွယ် လီဟွေ့ကျီကို အသက်ကယ်နိုင်ရန် ဆေးရုံသို့ အမြန်ခေါ်ဆောင်သွားကာ အသက်ရှူစက်တပ်ဆင်ခဲ့သော်လည်း ဇူလိုင်လ ၂၃ ရက်တွင် ဟွေ့ကျိုးမြို့ရှိ ဆေးရုံတစ်ခု၌ သေဆုံးခဲ့သည်။

ကဗျာဆရာသည် မိမိကိုယ်ကို အဆုံးစီရင်ခြင်းမပြုမီ နောက်ဆုံးအနေဖြင့်အွန်လိုင်းတွင် နှုတ်ဆက်စကား ရေးသားခဲ့သေးကြောင်း သူ၏ သူငယ်ချင်းလီရွဲဝမ်က RFA သို့ ပြောကြားခဲ့သည်။

“အွန်လိုင်းပေါ်မှာ နှုတ်ဆက်စကား တင်ပြီးနောက်မှာတော့ သူက ဖုန်းကို ပိတ်လိုက်တယ်။ ပိုးသတ်ဆေးသောက်ပြီးတဲ့နောက် သူ့ကို ဆေးရုံကို ပို့လိုက်ကြပါသေးတယ်" ဟု လီရွှဲဝမ်က ပြောကြားခဲ့သည်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်၏ လက်အောက်တွင် စောင့်ကြည့်ခံရမှုသည် မခံမရပ်နိုင်အောင်ဖြစ်လာသည်ဟု လီက မှတ်ချက်တွင် ရေးသားထားသည်။

ရှီကျင့်ဖျင်အာဏာရပြီးကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်များ ပိုမိုနည်းပါးလာကြောင်းလည်း ဖော်ပြထားသည်။

သူ၏ဖုန်းကို ခိုးနားထောင်ခံနေရသလို မြို့တော်မှ ထွက်ခွာလိုပါကလည်း ပြည်နယ်လုံခြုံရေးရဲသို့ အကြောင်း ကြားရသည်။

လီသည် ၂၀၂၁ မတ်လတွင်လေဖြတ်သွားခဲ့ပြီးနောက် ခက်ခဲစွာသွားလာရကြောင်း စာတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly