အာဇက်ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကို ကက်ရှ်မီးယားဒုက္ခသည်များ စိတ်ဝင်စားမှုနည်းပါး

အာဇက်ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကို ကက်ရှ်မီးယားဒုက္ခသည်များ စိတ်ဝင်စားမှုနည်းပါး

ပါကစ္စတန်နိုင်ငံပိုင်နက်အတွင်းရှိ အာဇက်ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကို ဘလိုချီစတန်တွင်နေထိုင်သည့် ကက်ရှ်မီးယား ဒုက္ခသည်များက စိတ်ဝင်စားမှုနည်းပါးကြောင်း ဇူလိုင် ၂၅ ရက်တွင် သိရှိခဲ့ရသည်။

ရွေးကောက်ပွဲကော်မရှင်က ခရိုင် ၇ ခုတွင် မဲရုံများစီစဉ်ပေးခဲ့သော်လည်း ကွက်တာနှင့် ဆီဘီခရိုင်များတွင်သာ ကက်ရှ်မီးယားပြည်သူများက မဲပေးခဲ့ကြသည်။

မဲရုံများတွင် မဲပေးချိန် ကုန်လွန်သည်အထိ စောင့်ဆိုင်းခဲ့သော်လည်း အခြား မဲရုံ ၅ ခုတွင် တစ်ဦးတစ်ယောက်မျှ မဲမပေးခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကက်ရှ်မီးယားဒုက္ခသည်အများအပြားနေထိုင်သည့် ကွက်တာခရိုင်တွင် မဲရုံ ၃ ရုံ၌သာမဲပေးခဲ့ကြသည်။

LA-34 ဂျမူးတွင် မဲပေးခွင့်ရှိသူ ၅၃၅ ဦးအနက် ၂၀၂ ဦးသာ မဲပေးခဲ့ကြသည်။

LA-40 တွင် မဲပေးခွင့်ရှိသူ ၁၀၅၉ ဦးအနက် ၄၁၈ ဦးသာ လာရောက်မဲပေးခဲ့ရာတွင် ပယ်မဲ ၉ မဲရှိခဲ့သည်။

အမျိုးသမီး အများပြားသည် မဲစာရင်းတွင် ၎င်းတို့အမည်ရှာမတွေ့သောကြောင့် မဲပေးနိုင်ခြင်း မရှိခဲ့ပေ။

ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း မဲရုံအတွင်းနှင့် ပတ်ဝန်းကျင်တွင် ရဲနှင့် အခြားတပ်ဖွဲ့ဝင်အများအပြားဖြင့် လုံခြုံရေး ချထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly