ပလက်ဝလုံခြုံရေးတာဝန်ယူထားသောစစ်ကောင်စီတပ်အရာရှိတွင် ကိုဗစ်ပိုးတွေ့ရှိဟုသိရ

ပလက်ဝလုံခြုံရေးတာဝန်ယူထားသောစစ်ကောင်စီတပ်အရာရှိတွင် ကိုဗစ်ပိုးတွေ့ရှိဟုသိရ

ပလက်ဝ/ ဇူလိုင် ၂၇

ပလက်ဝမြို့နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာ ၂၂၄ ဦးရှိသဖြင့် ချင်းပြည်နယ် မြို့နယ် ကိုးခုတွင် ကိုဗစ်ပိုးတွေ့လူနာအများဆုံးမြို့ဖြစ်နေပြီးယမန်နေ့က စစ်ကောင်စီတပ်အရာရှိတစ်ဉီးထံတွင်လည်း ကိုဗစ်ပိုးတွေ့ရှိကြောင်းသိရသည်။

''မနေ့ကအတည်ပြုလူနာခြောက်ဦးထွက်လာတဲ့အထဲမှာ စကစ ကဗိုလ်မှုးတစ်ဦးပိုးတွေ့တယ်လို့ပြောကြတယ်။သူတို့က မြို့ပေါ်မှာသွားလာလုပ်ရှားနေရတယ် COVID-19 ရောဂါ Positive ပို့တွေ့လူနာတွေ Quaratine စင်တာတွေ အဲဒီမှာလိုက်ကြည့်ဘာနဲ့ဆိုတော့ ထိသွားတာထင်တယ်။အရင်ကလည်း ရဲဝန်ထမ်း ငါးဦးလည်းတွေ့ထားသေးတယ်လေ။အခုပလက်ဝမှာကဘာမှမရှိဘူး ဖျားလို့စစ်လိုက်ရင် ပိုးတွေ့နေတော့တာပဲ။ပိုးဆိုးတာက စကစ တွေကလျောက်သွားနေတော့သူတို့ဆီကပဲပြည်သူကကူးတာလား၊ပြည်သူဆီကနေပဲသူတို့ကူးထားလားမသိတော့ဘူး''ဟု ပလက်ဝမြို့ပေါ်မှာ စေတနာဝန်ထမ်းလုပ်ဆောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

လက်ရှိပလက်ဝတွင်နာရေးကူညီမှုအသင်းအဖွဲ့များမရှိခြင်းကြောင့် သေဆုံးသွားသည့်ရုပ်ကလပ်များမြေမြုပ်သင်္ဂြုလ်ရာတွင်ခက်ခဲမှုများရှိပြီး ပလက်ဝဆေးရုံတွင်လည်းဝန်ထမ်းအင်အားအလွန်နည်းပါးကြောင်းလည်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly