ထိုင်ဝမ်အရေးတွင် ဂျပန်ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ်က ပြစ်တင်ဝေဖန်

By South China Morning Post
25 July 2021
ထိုင်ဝမ်အရေးတွင် ဂျပန်ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ်က ပြစ်တင်ဝေဖန်

ဂျပန်၏ နှစ်စဥ◌်ကာကွယ်ရေးစာတမ်းတစ်စောင်တွင် ထိုင်ဝမ်တည်ငြိမ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ပထမဆုံးအကြိမ် ဖော်ပြခဲ့ပြီးနောက် တရုတ်ပြည်၏ ပြည်တွင်းရေးကို ဂျပန်က လုံးဝဝင်ရောက်စွက်ဖက် နေကြောင်း တရုတ်က စွပ်စွဲခဲ့သည်။

"ထိုင်ဝမ်ပြဿနာသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးကိစ္စသက်သက်သာ ဖြစ်ပြီး ပြင်ပတပ်ဖွဲ့များ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး” “တရုတ်စစ်တပ်က အမျိုးသားအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန်အတွက် လိုအပ်သော ဆောင်ရွက်မှုများအားလုံးကိုပြုလုပ်သွားမည်” ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၀ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်၏ အစီရင်ခံစာသည် တရုတ်၏ ခြိမ်းခြောက်မှုကို ပုံကြီးချဲ့ထားပြီး တရုတ် - ဂျပန် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို ပျက်စီးစေခဲ့သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် ကျွန်း၏ အနောက်တောင်ပိုင်းလေပိုင်နက်မှ တစ်ဆင့် လေယာဉ်များပိုမိုပေးပို့နေခြင်းအပါအ ဝင် ထိုင်ဝမ်ပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်ခဲ့သည်ဟု ဂျပန်ကာကွယ်ရေးစာတမ်းတွင် ဖော်ပြထားသည်။

"ထိုင်ဝမ်ပတ်ဝန်းကျင်အခြေအနေကို တည်ငြိမ်အောင် ပြုလုပ်ခြင်းသည် ဂျပန်လုံခြုံရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တည်ငြိမ်မှုအတွက် အရေးကြီးသည်" ဟု စာတမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ယခင် အကြပ်အတည်းများထက် ပိုနိုင်သော အကြပ်အတည်းနှင့် ကြုံတွေ့ရနိုင်သော အခြေအနေအဖြစ် အနီးကပ်အာရုံစိုက်ရန် လိုအပ်သည်ဟု ပါရှိသည်။

တရုတ်၏ ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့် စစ်ရေးရေးရာများတွင် ပွင့်လင်းမြင်သာမှုကင်းမဲ့သည်ဟု စာတမ်းတွင် စွပ်စွဲထားပြီး အရှေ့တရုတ်ပင်လယ်နှင့် အခြားရေကြောင်းဒေသများနှင့်ပတ်သက်ပြီး တရုတ်၏ ကမ်းခြေစောင့်ဥပဒေကို ဂျပန်က လုံးဝလက်မခံနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းစာတမ်း၏ နိဒါန်းတွင် ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီက ဂျပန်သည် အမေရိကန်၊ သြစတြေးလျနှင့် ဗြိတိန်ကဲ့သို့သော တူညီသောတန်ဖိုးများရှိသည့် နိုင်ငံများနှင့်အတူ လက်တွဲပြီး အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်ပွင့်လင်းမှုတိုးတက်ရေးအတွက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly