ဂျပန်ကုမ္ပဏီများကို တရုတ် ဟက်ကာအဖွဲ့ APT40 က ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်

ဂျပန်ကုမ္ပဏီများကို တရုတ် ဟက်ကာအဖွဲ့ APT40 က ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်

ဂျပန်ကုမ္ပဏီများကို တရုတ်ဟက်ကာအဖွဲ့ APT40 က ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ဂျပန် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ကာဆုနိုဘူ ကာတိုက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့ပြီး တိုက်ခိုက်မှု၏ နောက်ကွယ်တွင် တရုတ်အစိုးရ၏ ပါဝင်နိုင်ခြေများစွာ ရှိကြောင်း ၎င်းက မှတ်ချက်ပြုသည်။

တရုတ်အစိုးရ နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများကို ဟက်ကာတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း ဇူလိုင်၁၉ ရက်က အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက စွပ်စွဲမှုထွက်ပေါ်လာပြီးနောက် ကာတိုက ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

“သတိကြီးစွာနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကာတိုက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly