ဝက်လက်နယ်သား ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ပစ်သတ်ခံရ

ဝက်လက်နယ်သား ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ပစ်သတ်ခံရ

ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူအုပ်စု၊ ရေလည်မော်ကျေးရွာ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး စည်းရုံးရေးမှူး ဦးဆန်းမော်လင်း ဒီကနေ့ဇူလိုင် ၂၂ ရက်နေ့တွင် သေနတ်ဖြင့်ပစ်သတ်ခံရသည်။ 

အသက် ၄၅ နှစ်အရွယ်ဦးဆန်းမော်လင်းသည် မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်း‌ဘေး ညောင်ပင်ပု ကျောက်ခွဲစက်အနီးမှာ မနက် ၉ နာရီအချိန် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံက မဇ္ဈိမကိုပြောသည်။ 

“သူက ဒလန်အကြီးစားတစ်ယောက်၊ ဘာလို့ဆို ရွာကို စစ်ကောင်စီတပ်တွေခေါ်ခေါ်လာပြီး ဖမ်းဆီးခိုင်းတာတွေ၊ လုပ်ငန်းရှင်တွေဆီကငွေတောင်းတာတွေ၊ နောက်ပျူစောထီးဆိုပြီး သတင်းတွေလဲထွက်တယ်၊ သူတို့မှာပစ္စတိုလည်းရှိတယ်တဲ့၊  မြင်တဲ့သူတွေပြောတာတော့ ကားပေါ်ကနေ သေနတ်နဲ့ ၈ ချက်လောက်အပစ်ခံလိုက်ရတာတဲ့ ”လို့ ဒေသခံတစ်ဦးကဆိုသည်။ 

ပစ်ခတ်မှုဖြစ်စဉ်နေရာသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့်ရဲသားများ လာရောက်စစ်ဆေးမှုတွေပြုလုပ်နေကြောင်းသိသည်။ 

ဝက်လက်မြို့နယ်တွင် အဆိုပါဖြစ်စဉ်မျိုး  ဇူလိုင်လ ၁၅ ရက်နေ့ကလည်း သစ်ဆိမ့်ရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသက် ၃၅ နှစ်အရွယ် နန်းညွန့်လွင် (ခေါ်) ဂဏန်း အသတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly