မြန်အောင်မှာ စစ်လေယာဉ်တွေဝဲ စစ်ကောင်စီတပ်တောနင်းရှာဖွေ

မြန်အောင်မှာ စစ်လေယာဉ်တွေဝဲ စစ်ကောင်စီတပ်တောနင်းရှာဖွေ

ဇူလိုင် ၂၁

 ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် ငှက်ကြီးကွင်းကျေးရွာအုပ်စုနှင့် သဲဘို့ကျေးရွာ အုပ်စုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ သင်တန်းပေးနေသည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်က တောနင်းရှာဖွေနေကြောင်းသိရသည်။

"ဇူလိုင်လ ၁၅ ရက် ၁၆ ရက်လောက်ကတည်းက ကျွန်တော်တို့ရွာတွေပေါ်ကို စစ်လေယာဉ်တွေလာလာဝဲနေတာ။ ဒလန်တွေက သတင်ပေးလို့ ၁၉ ရက်နေ့မှာ စစ်သားအင်အား ၁၀၀ ကျော်နဲ့ ရောက်လာပြီး ငှက်ကြီးကွင်းကျေးရွာအုပ်စုအပိုင် မှန်တန်းရွာက ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတယ်၊ တောထဲမှာလဲ စစ်သားတချို့ကိုကင်းချထားတယ်၊ ကျွန်တော်တို့ကတော့ မတရားစွပ်စွဲပြီး ဖမ်းခံရမှာကို စိုးရိမ်ကြောက်ရွံနေရတယ် "လို့ဒေသခံက ပြောပါတယ်။

 ဇူလိုင်လ ၂၀ ရက်နေ့ မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက ငှက်ကြီးကွင်းကျေးရွာအုပ်စုနဲ့ သဲဘို့ကျေးရွာအုပ်စု နောက်ဘက်ခြမ်းမှာရှိတဲ့ တောတွေထဲကို တောနင်းရှာဖွေသွားကြ တယ်လို့သိရပြီး ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာလဲ ထပ်မံရှာဖွေကို ပြင်ဆင်နေကြတယ်လို့ဆိုပါတယ်။ 

လွန်ခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင် ငှက်ကြီးကွင်းကျေးရွာအုပ်စု အနောက်ဘက်တောထဲက သစ်ခြံမှာရှိတဲ့ အလုပ်သမားခြောက်ဦးအား ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးမှုဖြစ်ပွားခဲ့သေးသည်။ 

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မှန်တန်းကျေးရွာ ဘုန်းကြီးကျောင်းတွင်  ဆက်လက်တပ်စွဲထားတယ်လို့သိရပြီး လက်နက်အားကိုးနဲ့ ရွာတွေထဲအထိ ရိက္ခာတွေတောင်းယူနေတာကြောင့် မတရားဖမ်းဆီးမှုတွေပြုလုပ်လာမှာကို ရွာသူရွာသားတွေက စိုးရိမ်နေကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly