ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်သည် ကိုဗစ်-၁၉ ပိုးတွေ့အများဆုံးဖြစ်နေ

ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်သည် ကိုဗစ်-၁၉ ပိုးတွေ့အများဆုံးဖြစ်နေ

ပလက်ဝ/ ဇူလိုင် ၂၁ ရက်

ပလက်ဝမြို့နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာ ၁၄၄ ဦးရှိသဖြင့် ချင်းပြည်နယ် မြို့နယ်ကိုးခုတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံးမြို့ဖြစ်နေသည်။

ပလက်ဝတွင် ဆေးရုံတက်ကုသဆဲလူနာအဖြစ် စုစုပေါင်း ၁၁၆ ဦးရှိရာ ပလက်ဝမြို့ပေါ်တွင်၁၀၅ ဦး၊ မြိတ်ဝ ကိုးဦးနှင့် ဆမီးမြို့တွင် နှစ်ဦးတို့ဖြစ်သည်။

''ကျွန်တော်တို့ပလက်ဝမှာကအရင်ကလူတွေကစစ်ဘေးကြောင့်ဒုက္ခရောက်ကြတယ်။ အခုကျတာ့ ကိုဗစ်ဘေးဖြစ်နေတယ်။ အခုကိုဗစ်ဖြစ်တော့လည်း ကြောက်စရာကောင်းနေတယ်။နဂိုထဲကမှအပစ်ပယ်ခံဖြစ်နေတာ ဆေးရုံမှာလည်းဘာမှမရှိဘူး ကျန်းမာရေးဝန်ထမ်းတွေကလည်းနည်းနေတယ်။ ဒီကြားထဲသူနာပြဆရာမတွေမှာပါ ပိုးတွေ့တော့ ပိုဆိုးသွားတာပေါ့ ''ဟု ပလက်ဝမြို့ပေါ်ဒေသခံတစ်ဦးမှပြောသည်။

ပလက်ဝဆေးရုံတွင်လိုအပ်ချက်များစွာရှိပြီး အရေးပေါ်အဖြစ် အောက်ဆီဂျင်စက်၊ Oximeter (SPO2 measure )၊ သွေးပေါင်ချိန်တိုင်းစက်၊ ကိုဗစ်ရှိမရှိစမ်းသပ်ရန် Test kit ၊ 95 Mask and surgical mask ၊ Face shield ၊ Hand gel နင့်Apron တို့လိုအပ်လျက်ရှိကြောင်းသိရသည်။

လက်ရှိ ပလက်ဝ မြို့ပေါ်တွင်တစ်နေ့လျှင် ညပိုင်းနှစ်နာရီသာ လျှပ်စစ်မီး ပေးသောကြောင့် ဆေးရုံတွင်အောင်ဆီဂျင်လိုအပ်နေသည့်လူနာများအား အောင်ဆီဂျင်စက်အသုံးပြုရန်ပင်အလွန်ခက်ခဲနေကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly