ဝိုင်းမော်မှ မြစ်ကြီးနားသို့ဝင်ရောက်သူများကို ကိုဗစ်ကော်မတီ မှတ်တမ်းတင်

ဝိုင်းမော်မှ မြစ်ကြီးနားသို့ဝင်ရောက်သူများကို ကိုဗစ်ကော်မတီ မှတ်တမ်းတင်

ဇူလိုင် ၂၀

မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်တုန့်ပြန်ရေးကော်မတီက ယနေ့မှစတင်ကာ ဝိုင်းမော်မြို့နယ်မှသည် မြစ်ကြီးနားမြို့နယ်သို့ နယ်ကျော် ဝင်ထွက်ထွက်သူများကို ဗလမင်းထင်တံတားထိပ်မှာ စစ်ဆေးနေသည်။

မြို့နယ်ကျော်သွားလာသူများ၏ အမည်စာရင်းအပြင် သွားရောက်မည့် အကြောင်းအရာနှင့် နေရပ်လိပ်စာ၊ ဖုန်းနပါတ်များကို မြစ်ကြီးနားမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်တုန့်ပြန်ရေးကော်မတီထံ မှတ်တမ်းပေးသွင်းရသည်။

ကချင်ပြည်နယ်တွင်း မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်ကူးစက်မှုအများဆုံးဖြစ်ပွားနေ၍ အခုလို မြို့နယ်ကျော်သွားလာသူများကို စတင်စစ်ဆေးနေတာဖြစ်သည်ဟု ကော်မတီဝင်တစ်ဦးကပြောသည်။ 

သို့သော် မြစ်ကြီးနားမြို့နယ်ကနေ ဝိုင်းမော်မြို့သို့ မြို့နယ်ကျော် သွားရောက်သူများကို စစ်ဆေးမှုမရှိသေးပါ။ တစ်ခြားသောမြို့နယ်များမှ ဝင်ပေါက်များတွင်လည်း စစ်ဆေးမှုမရှိသေးပါ။

ကချင်ပြည်နယ်အတွင်း ကိုဗစ်၁၉ ပိုးတွေ့ရှိမှုနှုန်း မြှင့်တက်လျက်ရှိပြီး စစ်ကောင်စီ၏ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့နယ်မှာ ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိုးတွေ့သူပေါင်း ၁၉၂၄ ဦး ရှိနေပြီဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required