သန်လျင်က စစ်တပ်ထောက်ခံသူနေအိမ်ဗုံးပေါက်

သန်လျင်က စစ်တပ်ထောက်ခံသူနေအိမ်ဗုံးပေါက်

ဇူလိုင် ၁၉

သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ နယ်မြေ ၁ စစ်တပ်ထောက်ခံအားပေးသူ ဦးအေးသိန်းနေအိမ်တွင် ဗုံးပေါက်ကွဲမှု ဒီကနေ့ ဇူလိုင်လ ၁၉ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်တွင် ဖြစ်ပွားကြောင်းသိရသည်။ 

“ ညနေပိုင်း လောက်က ဗုံးတစ်လုံးပေါက်သံကြားလိုက်ရတယ်၊ သူကစစ်တပ်အားပေးဒလန်တစ်ယောက်၊ လူတော့ထိခိုက်မှုမရှိဘူးလို့ကြားတယ်” ဟုဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်တွင် စစ်ကောင်စီတပ်သားများ ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းသိရသည်။ 

အသက် ၆၀ အရွယ် စစ်တပ်ထောက်ခံသူ ဦးအေးသိန်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ အားကောင်းချိန် ဗိုလ်ချုပ်ကျေးရွာသပိတ်ဖြိုခွဲခံရတုန်းက စစ်သားများနှင့်အတူ လိုက်ပါလာသည်ဟု သပိတ်စစ်ကြောင်းတွင်ပါဝင်သူတစ်ဦးကဆိုသည်။ အဆိုပါဖြိုခွဲခံရမှုတွင် သပိတ်စစ်ကြောင်းထဲမှ နှစ်ဦးဖမ်းဆီးခံရသည်ဟုသိရသည်။ 

မတ်လ ၂၉ ရက်နေ့ကလည်း ဦးအေးသိန်းနေအိမ်ကို ဗိုလ်ချုပ်ရပ်ကွက်နေပြည်သူများမှ ဝင်ရောက်ဖျက်ဆီးမှုတစ်ခုဖြစ်ခဲ့သေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly