အခုတခေါက် ခရီးသွားအစီအစဉ်ကနေ တောင်အာဖရိကနိုင်ငံဆီကို သွားကြရအောင်ပါ။ တောင်အာဖရိကနိုင်ငံ Cape Town မြို့က စားသောက်ဆိုင်တခုမှာ Guinness စာအုပ်မှာ စံချိန်တင်ရလောက်အောင် အမျိုးအမယ်များတဲ့ Milkshake ရသာစုံရပါတယ်။ အရသာပေါင်း ၂၀၇ မျိုးအထိ ရှိတဲ့ Milkshake တွေကို ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ မစုမြတ်မွန်နဲ့အတူ သွားမြည်းကြည့်ကြရအောင်ပါ။