ကမ္ဘာတဝှမ်းက ကူးစက်မြန်ကိုဗစ်နဲ့ခရီးသွားလာရေး၊စီးပွားရေး 

16 July 2021
ကမ္ဘာတဝှမ်းက ကူးစက်မြန်ကိုဗစ်နဲ့ခရီးသွားလာရေး၊စီးပွားရေး 

ဗြိတိန်အစိုးရက မြန်မာနိုင်ငံအပါအဝင် ကျုးဘား အင်ဒိုနီးရှား၊ Sierra Leone အပြင်၊ စပိန် အပန်းဖြေ ကျွန်းတချို့က ပြန်လာတဲ့ နိုင်ငံသားတွေ ကိုဗစ် ကာကွယ်ဆေး ၂ လုံး မထိုးရသေးဘူးဆိုရင် ဟိုတယ်ကွာရမ်တင်း ၁၀ ရက် သီးခြားခွဲ နေဖို့ ညွှန်ကြားလိုက်ပါတယ်။   

ကပ်ရောဂါကူးစက်မှုတွေကြောင့် ကမ္ဘာတဝှမ်း ခရီးသွားလာကြတာတွေဟာ အရင်ကနဲ့ မတူဘူးဆိုတာ အားလုံး သိကြပါတယ်။ ရောဂါ ကူးစက်မှုတွေ တိုးလာလို့ စောင့်ကြည့်နေရတဲ့ နိုင်ငံတွေကို သွားလာဖို့ ကြိုတင် လက်မှတ်ဝယ်ထားမယ်ဆိုရင်၊ သတ်မှတ်ချက်တွေနဲ့အညီ ပြန်ပြင်ဆင်နိုင်ဖို့၊ ငွေပြန်အမ်းတာ၊ ဒါမှမဟုတ် တည်းခိုစရာနေရာ ပြန်ပြောင်းနိုင်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်ဆိုပြီး ဗြိတိန် သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဂရန့် ရှက်ပ်စ် Grant Shapps က ပြောဆိုသွားတာပါ။ ဗြိတိန်ဟာ ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေကို အခြားနိုင်ငံတွေထက် အစောဆုံး စတင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အနီရောင်အဆင့်သတ်မှတ်ထားတဲ့ ကန့်သတ်နိုင်ငံတွေကို သွားလာတဲ့သူတွေ ခရီးစဉ်က ပြန်လာရင် အပြင်နဲ့ မတွေ့ဘဲ သီးခြား Quarantine နေထိုင်ဖို့နဲ့ ရောဂါ ရှိမရှိ စစ်ဆေးဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးသား ဗြိတိန်နိုင်ငံသားတွေအနေနဲ့ ပယင်းရောင် အဆင့်နဲ့ အနီရောင် အဆင့် သတ်မှတ် နိုင်ငံတွေကလွဲလို့ တခြားနိုင်ငံအားလုံးကို ခရီးသွားမယ်ဆို လွတ်လွတ်လပ် သွားခွင့် ခွင့်ပြုထားပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly