ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ကိုဗစ်ကြောင့် နေ့စဉ် ၂၀ ဦးဝန်းကျင်သေဆုံးနေရတယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့တွေကပြောပါတယ်။
အောက်စီဂျင်ပြတ်လတ်မှုအန္တရာယ်ကို အဓိကရင်ဆိုင်နေရတာဖြစ်ပြီး စိုးရိမ်ရတဲ့အနေအထားရှိနေတုန်းဖြစ်တယ်လို့ လည်းဆိုပါတယ်။
“ ပိုက်ဆံလည်းမလိုပါဘူး၊ တခြားလိုတာလည်းမရှိဘူး။ ကျွန်တော်တို့မြို့အတွက်က အောက်ဆီဂျင်ပဲလိုနေတာ အခုအခြေအနေကလေ” လို့ ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ယောက်ကဆိုပါတယ်။
အောင်ဆီဂျင်ပြတ်လတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ရက်တည်း လူ ၄၀ လောက်သေဆုံးခဲ့ရပြီး အဲ့ထဲမှာ သာမန်ရောဂါကြောင့်သေဆုံးသူတွေလည်းပါဝင်နိုင်တယ်လို့ဆိုပါတယ်။
ဇူလိုင် ၈ ရက်နေ့မှာလည်း သေဆုံး ၂၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။ လတ်တလောမှာ အောက်ဆီဂျင်ကို ရန်ကုန်၊ မန္တလေးမြို့တွေအထိတက်ဝယ်နေရပြီး ရတဲ့ဟာနဲ့ အလှည့်ကျပုံစံဖြန့်ဝေပေးနေရတယ်လို့လဲသိရပါတယ်။