မော်စကို၊ ဒီဇင်ဘာ - ၈ ။ ။ မော်စကိုမြို့လယ်မှ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ၄ဦး ဒဏ်ရာရရှိသွားခဲ့သည်။
‘မည်သူမည်ဝါမှန်းမသိရတဲ့ လက်လုပ်ဗုံးတစ်လုံး အများပြည်သူသုံး ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ ပေါက်ကွဲသွားခဲ့ပါတယ်’’ဟု ရုရှ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက ဒီဇင်ဘာ ၇ရက်နေ့တွင် ပြောကြားခဲ့သည်။
‘စုစုပေါင်း လူ၄ဦး ဒဏ်ရာရရှိခဲ့ပြီး သုံးယောက်ကို ဆေးရုံတင်ထားပါတယ်’’ ဟု ရုရှ ကျန်းမာရေးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
သတင်းများအရ ဗုံးကို မြို့တော်၏ ပေါ့ခရော့ဗာ လမ်းပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်တွင် ရပ်စောင့်နေသည့် လူအုပ်စုတစ်စုထံ ပစ်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗုံးခွဲမှုဖြစ်ရပ်ကို မော်စကိုရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အင်ဒရေ ဂါလီဘာရော့ဗ်က အတည်ပြုခဲ့ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က လူဆိုးလူပေများကို စတင်စုံစမ်းစစ်ဆေးနေသည်ဟုလည်း အခြားသတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောကြားခဲ့သည်။