ပါကစ္စတန်တွင် ကာကွယ်ဆေးထိုးနှုန်း အလွန်နှေးကွေးနေဆဲ

ပါကစ္စတန်တွင် ကာကွယ်ဆေးထိုးနှုန်း အလွန်နှေးကွေးနေဆဲ

ပါကစ္စတန်နိုင်ငံ၏ ကာကွယ်ဆေးထိုးရမည့် စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းတွင် ၅ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးရသေးသော်လည်း ကာကွယ်ဆေးထိုးနှုန်းမှာ နှေးကွေးနေဆဲဖြစ်ပြီး ပါကစ္စတန်သည် ကမ္ဘာတွင် ကာကွယ်ဆေးအနည်းဆုံးထိုးရသေးသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။

အချက်အလက်များအရ အစ္စလာမ္မာဘတ်မြို့တွင် ကာကွယ်ဆေးထိုးရမည့်သူ၏ ၃၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေးထိုးထားသော်လည်း၊ ဘလူချီစတန်တွင် လူ ၃ ရာခိုင်နှုန်းသာ သာ ကာကွယ်ဆေး ထိုးရသေးသည်။

ဆင်ဒ်နှင့် ပန်ဂျပ်ပြည်နယ်တို့တွင် လူ ၁၀ ရာခိုင်နှုန်းခန့်သည့် အနည်းဆုံးတစ်ကြိမ် ဆေးထိုးပြီးဖြစ်သည်။

ပညာရေးချို့တဲ့မှု၊ နားလည်မှုလွဲခြင်း၊ ဆေးရောက်ရှိမှု နှောင့်နှေးခြင်းနှင့် ဝါဒဖြန့်ချိရေးတို့သည် ကာကွယ်ဆေး ထိုးမှုနှေးကွေးရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများဖြစ်သည်ဟု ပညာရှင်များက ယုံကြည်ကြသည်။

ကာကွယ်ဆေးကို လက်ခံခြင်းသည် ကြီးမားသော ကိစ္စမဟုတ်ကြောင်း၊ သို့သော် လူအများစုက သူတို့နေအိမ်များအနီးတွင် ကာကွယ်ဆေးထိုးခံလိုပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရခြင်းကြောင့်လည်း ဆေးမထိုးခြင်း ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးဝန်ကြီးဌာန (NHS) မှ ပြောကြားခဲ့သည်။

ကမ္ဘာ့လူဦးရေ၏ ၂၅ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးထားပြီးဖြစ်သော်လည်း အိန္ဒိယနှင့် မလေးရှားတွင် ၂၀ ရာခိုင်နှုန်း၊ တူရကီတွင် ၄၀ ရာခိုင်နှုန်း၊ အမေရိကန်တွင် ၅၀ ရာခိုင်နှုန်းနှင့် အစ္စရေးနှင့် ဗြိတိန်တွင် ၆၅ ရာခိုင်နှုန်းသည် အနည်းဆုံးဆေးတစ်ကြိမ်ထိုးထားသည်။

Dawn မှ ရရှိသော စာရွက်စာတမ်းများအရ ပါကစ္စတန်တွင် အသက် ၁၈ နှစ်အထက် လူဦးရေ ၁၂၅ သန်းကျော်သည် ကာကွယ်ဆေးထိုးရန် အခွင့်အရေးရှိသည်။

ပန်ဂျပ်ပြည်နယ်တွင် လူဦးရေ ၆၆ သန်းကာကွယ်ဆေးထိုးရမည်ဖြစ်ပြီး၊ ဆင်ဒ်တွင် ၂၈ သန်း၊ ခိုင်ဘာ့ခ်ပတ်ချ်တွန်ဝါတွင် ၁၉ သန်း၊ ဘလူးချီစတန်တွင် ၆ ဒသမ ၄ သန်း၊ အေဇက်ဂျမူးနှင့် ကက်ရှ်မီးယားတွင် ၂. ဒသမ ၇ သန်း၊ အစ္စလမ်မာဘတ်တွင် ၁ ဒသမ ၄ သန်းနှင့် ဂယ်ဂစ်-ဘယ်တီစတန်တွင် ၁ ဒသမ ၁ သန်းရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required