ပန်ဂျပ်လွှတ်တော်မှ ချမှတ်သော ဥပဒေအသစ်ကို ပါကစ္စတန် စာနယ်ဇင်းသမားများ ကန့်ကွက်

ပန်ဂျပ်လွှတ်တော်မှ ချမှတ်သော ဥပဒေအသစ်ကို ပါကစ္စတန် စာနယ်ဇင်းသမားများ ကန့်ကွက်

ပါကစ္စတန်တွင် ပန်ဂျပ်ပြည်နယ်လွှတ်တော်၏ အောက်လွှတ်တော် တရားရေးကော်မတီက စာနယ်ဇင်းသမားများ သို့မဟုတ် ဗျူရိုကရက်များ၊ ကော်မတီများ၊ အဖွဲ့ဝင်များက အောက်လွှတ်တော်၏ တာဝန်ဝတ္တရားများ ချိုးဖောက်မှုအတွက် တရားစီရင်ရေးကော်မတီမှ အကျဉ်းချုံးစစ်ဆေး အပြစ်ပေးနိုင်ရန် ပန်ဂျပ်လွှတ်တော်က မကြာသေးမီက ပြဌာန်းခဲ့သော ဥပဒေကို စာနယ်ဇင်းလွတ်လပ်ခွင့်အား တိုက်ခိုက်မှုအဖြစ် ဂျာနယ်လစ်အဖွဲ့အစည်းများက ကန့်ကွက်လိုက်သည်။

ပါကစ္စတန်ဖက်ဒရယ်သတင်းစာဆရာသမဂ္ဂ (RanaAzeem)၊ ပန်ဂျပ်ယူနီယံသတင်းထောက်များ၊ လာဟိုးစာနယ်ဇင်းအဖွဲ့နှင့် ပန်ဂျပ်ညီလာခံစာနယ်ဇင်းပြခန်းကော်မတီ၊ အီလက်ထရောနစ်မီဒီယာ သတင်းထောက်များ အစည်းအရုံးနှင့် တောင်ပန်ဂျပ်ဂျာနယ်လစ်များအသင်းတို့က ပန်ဂျပ်အခွင့်ထူးခံများ ပြည်နယ်လွှတ်တော်၏ ၂၀၂၁ခုနှစ် (ပြင်ဆင်ချက်) အက်ဥပေဒပါ လျှို့ဝှက်စာပိုဒ်ကိုပြစ်တင်ရှုတ်ချလိုက်သည်။

အငြင်းပွားဖွယ် ဥပဒေကြမ်းကိုဆန့်ကျင်ကန့်ကွက်ရန်အတွက် ဇွန်လ ၂ရက်တွင် ပြည်နယ် အုပ်ချုပ်ရေးမှုး နေအိမ်အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။

အစိုးရနှင့် အတိုက်အခံပါတီများဖြစ်သော PTI၊ PML-Q, PML-N နှင့် PPP တို့က ထူးခြားစွာ အတူတကွ ထောက်ခံခဲ့သည့်ဥပဒေကြမ်းကို စာနယ်ဇင်းအဖွဲ့ဝင်များအကြား အကြောင်းကြားခြင်းမပြုဘဲ အတည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းတွင် ကော်မတီနှင့် အဖွဲ့ဝင်တစ်ဦး၏ တိုင်ကြားမှုဖြင့် လွှတ်တော်ဥက္ကဌက တရားသူကြီးလုပ်ပိုင်ခွင့်ဖြင့် ပထမတန်း တရားစီရင်ရေးဆိုင်ရာ ကော်မတီတစ်ခုကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၏ ဖမ်းဆီးခွင့်မပါဘဲ ဂျာနယ်လစ်များကို ၁၉၇၂ ခုနှစ် ဝာဝန်ဝတ္တရားအက်ဥပဒေ ၂ တွင် ဖော်ပြပါ အချက်များကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးနိုင်ခြင်း၊ ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ခြင်းနှင့် ဒဏ်ငွေ ရူပီး တစ်သောင်းချမှတ်နိုင်သည်။

ကော်မတီမတိုင်မီနှင့် လွှတ်တော်မတိုင်ခင် အဖွဲ့တစ်ဦး၏ မိန့်ခွန်းကို တမင်တကာတလွဲဖော်ပြခြင်း၊ အစီရင်ခံစာ၊ အငြင်းအခုံများ ဥက္ကဌက တားမြစ်ထားသော တရားစွဲဆိုမှုများကို ထုတ်ဝေခြင်း၊ လွှတ်တော်ဥက္ကဌ၏

အပြုအမှုမျးကို ထင်ဟတ်သည့်၊ သို့မဟုတ် ဆန့်ကျင်သည့် ထုတ်ဝေခြင်းများ၊ ကော်မတီများ၏ အစီရင်ခံစာများနှင့် တရားစွဲဆိုမှုများကို လွှတ်တော်တော်တို့ မတင်ပြမီနှင့် အစိုးရသတင်းများတွင် မထုတ်ပြန်မီ ထုတ်ဝေခြင်းများကို တားမြစ်ထားခြင်းများပါဝင်သည်။

အုပ်ချုပ်ရေးမှုးက လက်မှတ်ရေးထိုးပြီးနောက် ယင်းဥပဒေကြမ်းသည် ဥပဒေအဖြစ် အသက်ဝင်လာမည်ဖြစ်ပြီး ယင်းဥပဒေကြမ်းတွင် လွှတ်တော်အမတ်တစ်ဦးအား အခွင့်အာဏာပေးထားကာ ၎င်းက မည်သည့်အစိုးရ၊ အစိုးရတစ်ပိုင်းမည်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကော်မတီက မဆိုကျင်းပမည့် အစည်းအဝေးတွင် ပါဝင်ကာ ဥက္ကဌတာဝန်ယူနိုင်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required