ဇူလိုင် ၄
ကရင်နီပြည် လွိုင်ကော်မြို့ရဲ့တောင်ဘက် ၆ ကီလိုမီတာအကွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်အကြား ဇူလိုင် ၃ ရက်နေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့တာပါ။
၁ နာရီလောက်ကြာတဲ့အဲ့ဒီ့တိုက်ပွဲကြောင့် အနီးအနားက စစ်ရှောင်တွေ နေရာထပ်မံပြောင်းရွှေ့ခဲ့ကြရတယ်လို့ သိရပါတယ်။
စစ်အုပ်စုတပ်တွေက စစ်ရှောင်တွေရှိရာ နေရာကိုဝင်ရောက်လာလို့ KNPP နဲ့ထိတွေ့ပစ်ခတ်ခဲ့ကြရတာလို့ မြေပြင်သတင်းတွေကို ကိုးကားပြီး KnIC ကထုတ်ပြန်ပါတယ်။
မနေ့က မနက်ပိုင်း လွိုင်ကော်မြို့ ပြည်နယ်ခန်းမဆောင်မှာ တပ်မ ၆၆ ဗျူဟာမှူး ဒီးမောဆိုဘက်က စစ်ကြောင့်ပျက်ဆီးခဲ့တဲ့ လူနေအိမ်တွေ ဘုရားကျောင်းတွေအတွက် အကူအညီပေးတဲ့ အခန်းအနားပြုလုပ်နေချိန်မှာပဲ အခုလို တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
နှစ်ဘက်ထိခိုက်၊ ကျဆုံးမှုတွေကိုတော့မသိရသေးဘဲ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။