ပုသိမ်မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွားထုတ်ခဲ့သူ ၅ ဦးတွင် COVID-19 ပိုးတွေ့ရှိ

ပုသိမ်မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွားထုတ်ခဲ့သူ ၅ ဦးတွင် COVID-19 ပိုးတွေ့ရှိ

ဇူလိုင် ၂

ပုသိမ်မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွားထုတ်ခဲ့သူ ငါးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဖျာပုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသတင်းအရသိရသည်။

ရောဂါပိုးတွေ့ရှိခဲ့သူများမှာ ဖျာပုံမြို့နယ်မှဖြစ်ပြီး ဇွန် ၂၂ ရက်တွင် ပုသိမ်မြန်မာ့စီးပွားရေးဘဏ်သို့ နေ့ချင်းပြန် ငွေအတူသွားထုတ်ခဲ့သူများ ဖြစ်သည်။

၎င်းတို့ ငါးဦးသည် ဖျားနာလာသဖြင့်ဖျာပုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကစစ်ဆေးရာကူးစက်မြန် COVOD-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

အဆိုပါ COVID-19 အတည်ပြုလူနာ ငါးဦးနှင့်ထိစပ်ခဲ့သည့် မိသားစုဝင်များကို ဖျာပုံခရိုင်ကိုခေါ်ဆောင်၍ Antigen Diagnostic Test Kit (RDT) ဖြင့်စစ်ဆေးခဲ့ရာ COVID-19 ရောဂါကူးစက်ခံရသူ ခုနှစ်ဦးထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါ COVID-19 ရောဂါပိုးတွေ့ အတည်ပြုလူနာများမှာဖျာပုံမြို့အမှတ်(၄) ရပ်ကွက်မှ တစ်ဦး၊ အမှတ်(၅) ရပ်ကွက်မှ လေးဦး၊ အမှတ်(၇)ရပ်ကွက်မှ အမျိုးသား နှစ်ဦး၊ အမှတ်(၈)ရပ်ကွက်မှ အမျိုးသား သုံးဦး၊ အမှတ်(၉)ရပ်ကွက်မှ အမျိုးသား နှစ်ဦးတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ Covid-19 ရောဂါအတည်ပြုလူနာများကို ဖျာပုံခရိုင် ပြည်သူ့ဆေးရုံးကြီး COVID-19 ရောဂါလူနာသီးသန့်ကုသဆောင်တွင် ထားရှိ၍ကုသမှု ခံယူလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly