မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ၁၇၀ ကျော်လွတ်မြောက်၊မသန်စွမ်းအမျိုးသားပြန်လည်လွတ်မြောက်

မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ၁၇၀ ကျော်လွတ်မြောက်၊မသန်စွမ်းအမျိုးသားပြန်လည်လွတ်မြောက်

ဇွန် ၃၀

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ယနေ့ဇွန်လ ၃၀ ရက်နေ့ က ပုဒ်မ ၅၀၅ (က) နှင့် မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးခဲ့ရာမသန်စွမ်းအမျိုးသားကိုစိုင်းလှမင်းပါဝင်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကအာဏာရှင်ပြုတ်ကျရေးဆန္ဒပြခဲ့သည့် မန္တလေး သံဃသမဂ္ဂစစ်ကြောင်း လူစုခွဲအပြီး ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း နဲ့ ၁၁၂ လမ်း အနီးမှာဝှီးချဲနဲ့သပိတ်လိုက်နေသူကိုစိုင်းလှမင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ထို့အပြင်မေလ ၂၈ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် Myanmar Press photo Agency မှဓာတ်ပုံသတင်းထောက်ကိုမျိုးသီဟကျော်လည်း လွတ်မြောက်သည့်အထဲပါဝင်ခဲ့ကြောင်းသိရသည်။

မန္တလေး အိုးဘိုအကျဥ်းထောင်မှပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံထားရသူများကို ည ၈နာရီဝန်းကျင်မှ စတင်လွှတ်ခဲ့ခြင်းဖြစ်ပြီးည၁၀ နာရီ ကျော်သည်အထိ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly