ကယားပြည်နယ်က အမျိုးသမီးနိုင်ကျဉ်း ၅ ဦးလွတ်မြောက်

ကယားပြည်နယ်က အမျိုးသမီးနိုင်ကျဉ်း ၅ ဦးလွတ်မြောက်
ဓာတ်ပုံ - နာနတ်တောသပိတ် ဖြိုခွဲဖမ်းဆီး ခံရစဉ်။

ဇွန် ၃၀

ကယားပြည်နယ်(ကရင်နီပြည်နယ်)တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ခြောက်ဦးတွင် ငါးဦးလွတ်မြောက်ကြောင်းသိရသည်။ 

ဒီကနေ့ ဇွန်လ ၃၀ ရက်၊ နေ့လယ်ခင်းတွင် လွတ်မြောက်ခဲ့သူများမှာ နာနတ်တောရပ်ကွက်သပိတ်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့သူများဟုသိရသည်။ 

ထိုသို့ဖမ်းဆီးခံရသူ များထဲမှအမျိုးသမီး ခြောက်ဦးမှာ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသူများဖြစ်ပြီး သူတို့ထဲမှ ၅ ဦးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

အဆိုပါ ခြောက်ဦးထဲမှ  မလွတ်မြောက်ပဲ ကျန်နေသူဟာ ဆရာမဒေါ်စန္ဒာဝင်း ဆိုသူဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်၊ လှိုင်ကော်မြို့ နာနာတောရပ်ကွက်၏ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်သည် မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပစ်ခတ်ဖြိုခွဲခံရပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၁၃ ဦးရှိခဲ့သည်။

ကယားပြည်နယ် စံပြ(၆)မိုင်ရပ်ကွက်က ဖမ်းဆီးခံရသူများထဲမှ အချို့ ပြန်လည်လွတ်မြောက်လာကြောင်းသိရပြီး အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly