ဟားခါးမြို့နယ်က ရဲစခန်းတစ်ခုကို CDF ဝင်တိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများ

ဟားခါးမြို့နယ်က ရဲစခန်းတစ်ခုကို CDF ဝင်တိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများ

ဇွန် ၃၀

ချင်းပြည်နယ် ဟားခါးမြို့နယ် Bungzung ရဲစခန်းကို CDF-Hakha က ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သား အနည်းဆုံး နှစ်ဆယ်ဦးခန့် သေဆုံးခဲ့တယ်လို့ CDF-Hakha က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း CDF-Hakha တပ်ဖွဲ့ဘက်က ကျဆုံးသူ မရှိခဲ့ပေမယ့် မစိုးရိမ်ရတဲ့ အသေးစားဒဏ်ရာ ရရှိသူ တစ်ဦးရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က (ဇွန်လ ၂၉ ရက်) မနက်ပိုင်းကလည်း ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF) နဲ့ အာဏာသိမ်းစစ်ကောင်စီအကြား နှစ်နာရီခန့်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

CNDF တပ်ဖွဲ့ဝင်တွေဘက်ကတော့ လေးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ CNDF အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly