ကျောက်စိမ်းလုပ်ငန်း မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေ 

30 June 2021
ကျောက်စိမ်းလုပ်ငန်း မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေ 

မြန်မာနိုင်ငံ ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ အားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်တဲအ့ကြောင်း Global Witness အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်းက ထွက်တဲ့ ကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်း ပြည်ပကို တရားမဝင်ခိုး ထုတ်ရောင်းနေပြီး အားလုံး နီးပါး တရုတ်နိုင်ငံက ဝယ်ယူနေတာလို့လည်း Global Witness က အစီရင်ခံစာ မှာ ဖေါ်ပြပါတယ်။ 

“အစီရင်ခံစာထဲမှာ ရေးသားထားသလို မတည်ငြိမ်မှုတွေ၊ အလွဲသုံးစားမှုတွေက ဖားကန့်နဲ့ ကျောက်စိမ်း တူးဖေါ်နေတဲ့ဒေသတခုထဲမှာတင် ကွက်ပြီးတော့ ဖြစ်နေတာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ မတည်ငြိမ်မှုတွေ တခုပြီးတခု မီးခိုးကြွက်လျှောက်ပေါ်လာနေတာကို တရုတ်အစိုးရက နားလည်သင့်ပါတယ်။” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly