လွိုင်ကော်မြို့တွင် ကိုဗစ် တတိယလှိုင်းအတွင်း အမျိုးသမီး ၁ ဦး ကိုဗစ် ၁၉ စတင်ကူးစက်ခံရ

လွိုင်ကော်မြို့တွင် ကိုဗစ် တတိယလှိုင်းအတွင်း အမျိုးသမီး ၁ ဦး ကိုဗစ် ၁၉ စတင်ကူးစက်ခံရ
ဓာတ်ပုံ - ရွှေလွိုင်ကော်

ဇွန် ၃၀

ကယားပြည်နယ်မှာ လွိုင်ကော်မြို့တွင် Covid- 19 တတိယလှိုင်းကူးစက်မှု​ကြောင့် အမျိုးသမီးတစ်ဦးထံမှာ ဇွန်လ ၂၉ရက်က ပထမဦးဆုံး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့တာဖြစ်ပါဖြစ်ပါတယ်။

အဆိုပါ ကိုဗစ်ပိုးတွေ့ရှိတဲ့ အမျိုးသမီးတစ်ဦးက ပင်လောင်းကနေလွိုင်ကော်သို့ ပြန်လာစဥ် နေမကောင်းသဖြင့် လွိုင်ကော်ဆေးရုံသို့ပို့ဆောင်ရာမှာ ကိုဗစ် လက္ခပြသဖြင့် စမ်းသပ်စစ်ဆေးရာမှာ ကိုဗစ် - ၁၉ ပိုးကူးစက်ခံရတယ်လို့ သိခဲ့ရပါတယ်။

ဓာတ်ပုံ - ရွှေလွိုင်ကော်

  "ယခု ပိုးတွေ့ရှိတဲ့ မ(၁)ဦးမှာ ပင်လောင်းကနေ ဖယ်ခုံကိုကားငှါးလာပါတယ်။ ဒေါတမရပ်ကွက်က ဆွေမျိုးတော်စပ်သူကျား (၁)ဦးက ဖယ်ခုံကို ပရိုဘောက်ကားနဲ့ လာကြိုပါတယ်။အမျိုးသမီး (၁)ဦးမှာ နေမကောင်း ဖျားနေသောကြောင့် လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံမှာ Positive ကိုဗစ်ပိုး တွေ့ရှိတယ်" လို့ ရွှေလွိုင်ကော် နာရေးကူညီမှုအသင်းက တာဝန်ရှိသူက ပြောပါတယ်။

ကိုဗစ်ပိုး ကူစက်ခံရတဲ့ အမျိုးသမီးကိုကိုဗစ်ရောဂါ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ကာ ၄င်းနှင့်ထိတွေ့သူတွေကတော့ Quarantine ဝင်နေရတယ်လို့သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly