ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ရဲအရာရှိတစ်ဦးကို အမည်မသိ အကြမ်းဖက်သမား နှစ်ဦးက ပစ်သတ်

By Zee News
29 June 2021
ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ရဲအရာရှိတစ်ဦးကို အမည်မသိ အကြမ်းဖက်သမား နှစ်ဦးက ပစ်သတ်

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ ဆရီနာဂါမြို့၊ မင်ဂန်ဝါဂျီနောင်ဂန်နယ်မြေရှိ ဗလီတစ်ခုရှေ့တွင် အမည်မသိ အကြမ်းဖက်သမား နှစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးသွားခဲ့သည်။

ဇွန် ၂၂ ရက် ည ၈ နာရီခန့်က ရဲအရာရှိ ပါဗက်ဇ်အာမက်သည် မာဂရစ်ဗလီသို့ ဆုတောင်းရန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်အား CCTV ကင်မရာမှတ်တမ်း၌ ပြန်ကြည့်ခဲ့ရာတွင် အကြမ်းဖက်သမားများက ရဲအရာရှိ အာမက်ကို ကမူးရှူးထိုး ပစ်ခတ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ သေနတ်ကျည်ဆံကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ၎င်းအား အနီးရှိ ဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် သေဆုံးသွားခဲ့သည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ အခင်းဖြစ်ပွားသည့်နေရာကို ပိတ်ဆို့ရှာဖွေနေပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly