တရုတ်က လူများအား မတရားဖမ်းဆီးနှိပ်စက်ရန် ဆက်လက်ကြိုးပမ်းနေ

By ANI
29 June 2021
တရုတ်က လူများအား မတရားဖမ်းဆီးနှိပ်စက်ရန် ဆက်လက်ကြိုးပမ်းနေ

သတ်မှတ်နေရာအလိုက် လူနေအိမ်များအား စောင့်ကြည့်သည့် ပြင်းထန်ဆိုးရွားသော RSDL စနစ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က စတင်ဖန်တီးခဲ့သည်မှာ ၈ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တရုတ်အစိုးရသည် ယင်းနည်းလမ်းများ ဆက်လက်အသုံးပြုနေပြီး တာဝန်မဲ့စွာ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကြမ်းဖက်ခြင်းဖြင့် လူများအား မတရားဖမ်းဆီးခြင်း၊ အတင်းအကျပ်ဝန်ခံခိုင်းခြင်းများကို ဆက်လက်ပြုလုပ်နေသည်။

RSDL သည် ၂၀၁၃ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည့် ဖမ်းဆီးထိန်းသိမ်းသည့် စနစ်ဖြစ်ပြီး ယင်းက ရဲများအား လျှို့ဝှက်စစ်ဆေးမှုအတွင်း မည်သူကိုမဆို ပျောက်ကွယ်သွားအောင်အထိ လုပ်ပိုင်ခွင့်ပေးထားသလို ရှေ့နေ၊ မိသားစုများအပါအဝင် ပြင်ပကမ္ဘာနှင့် ဆက်ဆံခွင့်ကို ငြင်းပယ်နိုင်ခြင်း၊ ခြောက်လအထိ စိတ်ကြိုက်မေးမြန်းနိုင်ခွင့်ပေးထားကြောင်း Safeguard Defenders အဖွဲ့က အစီရင်ခံစာတွင် ဖော်ပြထားသည်။

Locked Up အမည်ရှိအစီရင်ခံစာတွင် ကုလသမဂ္ဂမှ ကျွမ်းကျင်သူများက တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုးကား၍ ယင်းစနစ်ကို ဖျက်သိမ်းရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်တွင် Working Group on Enforced သို့မဟုတ် Involuntary Disappearances အပါအဝင် ကုလသမဂ္ဂအထူးလုပ်ငန်းအဖွဲ့ ၁၀ ခုက RSDL သည် အဆက်အသွယ် ဖြတ်တောက်ထားခြင်း၊ လျှို့ဝှက်ထိန်းသိမ်းခြင်းနှင့် ဖိအားပေးပျောက်ကွယ်သွားအောင်အထိ လုပ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသားများမှလွဲ၍ RSDL စနစ်ကို ကနေဒါနိုင်ငံသား မိုက်ကယ်ကိုဗစ်နှင့် မိုက်ကယ်စပါဗာ၊ ထိုင်းတွင် တရုတ်ထောက်လှမ်းရေးများ၏ ဖမ်းဆီးခြင်းခံခဲ့ရသူ ဆွီဒင်စာအုပ်ရောင်းသူ ကွေးမင်ဟိုင်၊ Safeguard Defenders ကို တည်ထောင်သူ ဆွီဒင်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ပီတာ ဒါချ်လင် အပါအဝင် နိုင်ငံခြားသားများအပေါ်ချမှတ်ထားသည်။

“ RSDL ကို လျှို့ဝှက်စွာ အသုံးပြုနေသည်။ ရဲများက ထိန်းသိမ်းထားသူများထားသည့်နေရာကို လူသိရှင်ကြား မကြေညာပေ။ ထို့အပြင် RSDL အတွင်းနှင့် အပြင်သို့ ရွှေ့ပြောင်းပါက ထိမ်းသိန်းခံရသူများကို အနက်ရောင်ခေါင်းစွပ်ဖုံးအုပ်ထားခြင်း၊ အကျဉ်းခန်းပြတင်းပေါက်များကို ခန်းစီးကြီးများဖြင့် ပိတ်ဆို့ကာရံထားခြင်း၊ တချို့က နေရာကို ခန့်မှန်းပြောကြားကြားထက် အနည်းငယ်သာ ပိုမို ပြောကြားနိုင်သည်" ဟု အစီရင်ခံစာက ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းသည့်စနစ်ဖြင့် ထိန်းသိမ်းခံရသူများသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများခံရပြီး အိပ်ရေးပျက်ခြင်း၊ အစားအစာမလုံလောက်ခြင်း၊ ခြေကျင်းများ၊ လက်ထိပ်များဖြင့် အချိန်ကြာမြင့်စွာထားခြင်း (တစ်ခါတစ်ရံရက်သတ္တပတ်များစွာ)၊ ရိုက်နှက်ခြင်း၊ အတင်းအကျပ်ဆေးကုသခြင်း၊ ဆေးကုသမှုကိုငြင်းပယ်ခြင်း၊ စိတ်ဖိစီးသည့်ကာလကို အချိန်ကာလထပ်တိုးခြင်း (ဥပမာ လက်ကောက်ဝတ်များကို ချိတ်ဆွဲထားခြင်းကဲ့သို့) နှင့် ထိမ်းသိန်းထားခြင်းခံရသူနှင့် ၎င်း၏ ချစ်ရသူများအား ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်းတို့ ပါဝင်သည်။

RSDL အရ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ပြင်းထန်သော်လည်း အများအားဖြင့် လျှို့ဝှက်စွာဆောင်ရွက်ခြင်းကြောင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်နေသော လူ့အခွင့်အရေးအန်ဂျီအိုများ၏ အပြင်ဘက်တွင် ယင်းအကြောင်းကို သိသူနည်းပါးကြောင်းအစီရင်ခံစာက ဆိုသည်။ ထို့အပြင် RSDL နှင့် ပတ်သက်သည့် ဓာတ်ပုံအနည်းငယ်သာရှိပြီး၊ ထိမ်းသိန်းခံရသူအများစုသည် ထပ်မံအပြစ်ပေးခံရမည်ကို စိုးရိမ်သောကြောင့် ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့နေကြသည်ဟု အစီရင်ခံစာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required