ပူတာအိုဒေသက ဒလန်များကို ကျည်ဆံများနဲ့အတူ သတိပေး

ပူတာအိုဒေသက ဒလန်များကို ကျည်ဆံများနဲ့အတူ သတိပေး

ဇွန် ၂၈

ပူတာအိုဒေသမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့  CDM လှုပ်ရှားသူများနဲ့  စစ်အာဏာ ရှင်ကို တော်လှန်သူများအား ဖိအားပေးနေတဲ့ ဒလန်ခေါ် စစ်ကောင်စီရဲ့ သတင်းပေးများကို အမြန်ဆုံးရပ်တန့်ရန် ကျည်ဆံများနဲ့အတူ နောက် ဆုံးအကြိမ်အဖြစ် သတိပေးစာပေးစားကို ဒလန်ရှင်းလင်းရေးအဖွဲ့များက ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းပေးခေါ် ဒလန်များအနေနဲ့ ဆက်လက်လုပ်ဆောင်နေဦးမယ်ဆိုရင် ဒလန်မိသားစုဝင်များရဲ့ အသက်အန္တရာယ်ကို  ငဲ့ညှာမှာမဟုတ်ဘူးလို့ သတိပေးစားတွင်ရေးသားထားပါတယ်။

ပူတာအိုဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့  အာဏာသိမ်းစစ်ကောင်စီတို့ရဲ့ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly