စစ်ကောင်စီတပ်ကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကောင်စီတပ်ကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရ
ဓာတ်ပုံ - ပုံအဟောင်း

ဇွန် ၂၆

 အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကားအကြီး ခြောက်စီး ကို ပုလဲမြို့နယ်၊ ကျေးရွာတစ်ခုအနီးမှာ PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်လိုက်တယ်လို့သိရပါတယ်။ 

ဒီကနေ့ဇွန်လ ၂၆ ရက်၊ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဂန့်ဂေါဘက်က ဆင်းလာတဲ့ စစ်ကား ခြောက်စီးကို မိုင်းခွဲတိုက်ခိုက်ပြီး နှစ်စီးကို မိုင်းထိခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - (People's Defence Force - Yinmarbin District) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောပါတယ်။ 

"နေရာရွာအတိအကျတော့ကျွန်တော်တို့လုံခြုံရေးအရထိန်ချန်ထားပါမယ်၊ စစ်ကားခြောက်စီးကို မိုင်ခွဲခဲ့တာတော့ဟုတ်ပါတယ်၊ ကျွန်တော်တို့ မြေပြင်က သတင်းပို့တဲ့အတွက် အတည်ပြုနိုင်ပါတယ်၊ ထောင်မိုင်းဖြစ်တဲ့အတွက် ကျွန်တော်တို့က အဝေးက ခွဲရတာဆိုတော့ ကားဘယ်နှစ်စီးထိသွားတယ်ဆိုတာလောက်ပဲ မြင်ရတယ်၊ ဘယ်နှစ်ယောက်ထိသွားတယ်ဆိုတာတော့ မသိရပါဘူး"ဖြစ်စဉ်အခြေအနေကို ပြောပြပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်သားတွေဟာ လမ်းဘေးအနီးမှာတွေ့ရတဲ့ ပြည်သူတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းလာသူ အရပ်သားတစ်ဦး ကျည်ထိမှန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ PDF တာဝန်ခံကပြောပါတယ်။

" သူတို့က ဆိုင်ကယ်စီးလာတဲ့တစ်ယောက်ကို သေချာချိန်ပစ်လိုက်တာတွေ့လိုက်ရတယ်၊ ပြီးတော့ဆိုင်ကယ်က လဲသွားပြီး မှန်သွားလို့ထင်တယ် ပြန်မထနိုင်တော့ဘူး၊ နောက်ထပ်  စာကျက်မှာရှိနေတဲ့ နွားတစ်ကောင်နဲ့ မြင်းတစ်ကောင်ကိုလဲ သတ်သွားတယ်" လို့ ဆိုပါတယ်။  

ဇွန်လ ၂၅ ရက်ကလဲ စစ်ကောင်စီတပ်ရဲ့ စစ်ကားအကြီး သုံးစီး ပုလဲမြို့နယ်အနောက်ဘက်က နဂါးမတောင်မှာ မိုင်းမိ‌ပြီး ပျက်စီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly