အီးယူနဲ့ ထိပ်သီးအစည်းအဝေးအတွက် ပိုပြီး အသေးစိတ်ကျဖို့ လိုအပ်လို့ ရုရှနိုင်ငံခြားရေး ဝန်ကြီး ပြော 

အီးယူနဲ့ ထိပ်သီးအစည်းအဝေးအတွက် ပိုပြီး အသေးစိတ်ကျဖို့ လိုအပ်လို့ ရုရှနိုင်ငံခြားရေး ဝန်ကြီး ပြော 
Photo - AFP

ဇွန် ၂၅

ဖြစ်လာနိုင်တဲ့ ရုရှ-အီးယူ ထိပ်သီးအစည်းအဝေးနဲ့ လုပ်ငန်းစဉ်တွေအတွက် ပိုပြီး အသေးစိတ်ကျကျ ပြင်ဆင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရို့ဗ်က ပြောပါတယ်။ 

“အီးယူဖက်က တာဝန်ရှိသူတွေအနေနဲ့ အဲဒီလို ထိပ်သီးစည်းဝေးချင်တာဟာ ဘာလို အဓိပ္ပာယ်လည်းဆိုတာနဲ့ ဘာကို ရည်ရွယ်သလဲဆိုတာ ရှင်းပြဖို့အတွက် လိုအပ်တယ်”လို့ ဂွာတီမာလာ နိုင်ငံခြားရေးဝန်ကြီး ပီဒရိုဘရိုလိုနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လာဗရို့ဗ်က ပြောတာပါ။ 

ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက အီးယူအနေနဲ့ ရုရှနဲ့ ထိပ်သီးအစည်းအဝေး ပြန်စဖို့ အဆိုပြုလာခဲ့တာ ဖြစ်ပြီးဒါကို ရုရှသမ္မတ ဗလာဒီမာပူတင်က သဘောတူထောက်ခံတယ်လို့လည်း ကရင်မလင်က ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။ 

“ဒီလို ခြေလှမ်းအစပြုလာတာဟာ အပြုသဘောဆောင်တယ်လို့ ကျွန်တော်တို့ မှတ်ချက်ချပါတယ်”လို့ ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပီစကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ 

“အီးယူနဲ့ ရုရှကြားမှာ ဆွေးနွေးညှိနှိုင်းမှုနဲ့ ဆက်သွယ်မှုတွေ ပေါ်ပေါက်လာရေး ဖန်တီးဖော်ဆောင်တာကို ပူတင်က ထောက်ခံသူတစ်ဦးပါပဲ”လို့ သူက ဆိုပါတယ်။ 

ရုရှခေါင်းဆောင်တဲ့ ဖြစ်နိုင်တဲ့ ထိပ်သီးအစည်းအဝေးကို ဖော်ဆောင်ဖို့ အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူကို ဂျာမနီနဲ့ ပြင်သစ်က အဆိုလာချက်အပေါ် ပီစကို့ဗ်အနေနဲ့ ဖြေကြားရှင်းလင်းလာတာလည်း ဖြစ်ပါတယ်။ 

ရုရှနဲ့ ထိပ်သီးအစည်းအဝေး အယူအဆကို အီးယူနိုင်ငံအများစုက ဆန့်ကျင်သလို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီ အဆိုပြုချက်ကို ကြာသပတေးနေ့ အစောပိုင်းမှာ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ 

အဆိုပြုလာတဲ့ ထိပ်သီးအစည်းအဝေးအတွက် လုပ်ငန်းစဉ်အပါအဝင် ‘တော်တော်များများက ရှင်းလင်းသေချာမှုတွေ မရှိဘူး’လို့ ဆာဂေးလာဗရို့ဗ်ကလည်း ပြောပါတယ်။ 

၂၀၁၄ မတ်လက ယူကရိန်းဆီကနေ ခရိုင်းမီးယားဒေသကို ရုရှက ကျူးကျော်သိမ်းပိုက်ခဲ့ချိန်ကစလို့ အီးယူနဲ့ ရုရှကြားမှာ ဆက်ဆံရေး ဆိုးဝါးယိုယွင်းလာခဲ့တာပါ။ 

အီးယူခေါင်းဆောင်တွေနဲ့ ပူတင်တို့ရဲ့ နောက်ဆုံး ထိပ်သီးအစည်းအဝေးကို ၂၀၁၄ နှစ်စလောက်မှာ ကျင်းပပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ 

အီးယူဟာ ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီး ရုရှကလည်း ပြန်လည်အရေးယူ ဒဏ်ခတ်တာနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly