မအူပင်မြို အ.ထ.က (၁)ကျောင်းက ဆရာမ ၁ ဦး ကိုဗစ်ကူးစက်ခံရ

မအူပင်မြို အ.ထ.က (၁)ကျောင်းက ဆရာမ ၁ ဦး ကိုဗစ်ကူးစက်ခံရ

ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အ.ထ.က (၁) အထက်တန်းကျောင်း ပဉ္စမတန်း မှာသင်ကြားနေသော ဆရာမ တစ်ဦး ကိုဗစ် -၁၉ ကူးစက်ခံခဲ့ရတယ်လို့ ဒေသခံများက ပြောသည်။

ယနေ့ ဇွန်လ ၂၄ရက်နေ့က Covid-19 ဖြစ်ကြောင်း အတည်ပြုစစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"လွန်ခဲ့တဲ့ တစ်ပတ်လောက်က အနံ့ပျောက်တယ်ဆိုပြီး ကျောင်းမလာတော့တာ။ ဒီနေ့မနက်တော့ Positive ဖစ်တယ်ဆိုပြီးလာခေါ်သွားတယ်၊ ကျောင်းမှာလဲကျောင်းတတ်နေတဲ့ကျောင်းသားတွေရှိတော့ သူတ်ို့အတွက် စိတ်ပူတယ်၊ အကောင်းဆုံးကတော့မိဘတွေက သူတို့ကလေးတွေကို ကျောင်းမပို့တာတော့အကောင်းဆုံးပေါ့ ၊ရောဂါပိုးကူးစက်နှုန်းကလဲအရမ်းမြန်တော့ ကျောင်းတတ်နေတဲ့ကလေးတွေ ကိုတော့ ပိုပြီးစိတ်ပူတယ်"ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly