မြောင်းမြက စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို မိဘတွေလာခေါ်လည်း ပြန်မလွှတ်ဖို့ စစ်ကောင်စီဖိအားပေး

မြောင်းမြက စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို မိဘတွေလာခေါ်လည်း ပြန်မလွှတ်ဖို့ စစ်ကောင်စီဖိအားပေး

ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားလာတာကြောင့် ဇွန်လ ၂၁ရက်နေ့မှာ ကျောင်းသားမိဘအချို့ဟာ ကလေးတွေကို ကျောင်းတွေမှာ ပြန်လိုက်ခေါ်ခဲ့ပါတယ်။

မိဘတွေက ကျောင်းကနေ လိုက်ခေါ်တာကို ဆရာ၊ဆရာမတွေက ပြန်လွှတ်ပေးခဲ့တဲ့ သတင်းဟာ မဇ္စျိမရဲ့သတင်းမှာ ဖော်ပြပြီးနောက် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တွေက စာသင်ကျောင်းတွေကို သွားရောက်ပြီး မိဘတွေ လာခေါ်ယူလည်း ကလေးတွေကို ပြန်ထည့်မပေးဘဲ ကျောင်းကို ဆက်ဖွင့်ထားဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုသူ ကျောင်းဆရာမတစ်ဦးက မဇ္စျိမကို ဆက်သွယ်သတင်းပေးပို့ခဲ့ပါတယ်။

“ကျွန်မက ပထမ CDMပါပဲ မတတ်နိုင်လွန်းလို့ CDMဖျက်ပြီး အလုပ်ပြန်ဝင်လိုက်ရတာ၊ မနေ့က ကလေးတွေကို ပြန်လွှတ်တာကို သတင်းတွေမှာပါလာတော့ ကောင်စီကအဖွဲ့ဆင်းလာပြီး လာပြသနာရှာတယ်၊ နောင်ဆို ပြန်လွှတ်စရာမလိုဘူး ကျောင်းဆက်ဖွင့်ဖို့ပြောတယ်၊ လိုအပ်ရင် သူတို့ပိတ်ပေးမယ်လို့ပြောတယ်၊ အခုက ကိုဗစ်နောက်တိုးနှစ်ဦးက ကျောင်းဆရာမမို့ မိဘတွေက စိုးရိမ်မှာပေါ့”လို့ အမည်မဖော်လိုသူ ဆရာမတစ်ဦးက ပြောပါတယ်။

မြောင်းမြမြို့မှာ Mytel ဝန်ထမ်းတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ဦး ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်သူဟာ ကျောင်းဆရာမဖြစ်ပြီး အနံပျောက်နေတယ်လို့ သတင်းထွက်ပေါ်လာတာကြောင့် ဇွန်လ ၂၁ရက်နေ့မှာ မိဘတွေဟာ ကလေးတွေကို ကျောင်းကနေပြန်လိုက်ခေါ်ခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly