နီပေါတွင် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမည့် ဈေးနှုန်း ပေါက်ကြားမှုအပေါ် တရုတ်အစိုးရက စိတ်ပျက်

နီပေါတွင် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမည့် ဈေးနှုန်း ပေါက်ကြားမှုအပေါ် တရုတ်အစိုးရက စိတ်ပျက်

နီပေါနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ဒုတိယလှိုင်းအား ထိန်းချုပ်ရန် Sinopharm ကာကွယ်ဆေး ဝယ်ယူရာတွင် ဈေးနှုန်းကို တစ်လုံးလျှင် ဒေါ်လာ ၁၀ ကျသင့်မည်ဟု မီဒီယာအချို့တွင် ဖော်ပြခဲ့ခြင်းအပေါ် တရုတ်အစိုးရက စိတ်ပျက်ခဲ့ရသည်။

Sinopharm ကုမ္ပဏီက အဆိုပြုခဲ့သည့်အတိုင်း ဈေးနှုန်းနှင့် ပစ္စည်းပေးပို့မည့်ရက်အပါအဝင် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းမပြုရန် သဘောတူညီချက်ဖြင့် အဆိုပါကုမ္ပဏီက ကာကွယ်ဆေး အလုံး ၄ သန်းကို နီပေါနိုင်ငံက ဝယ်ယူမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံ ဝန်ကြီးများနှင့် အစိုးရအတွင်းဝန်များ၏ သဘောတူညီချက်အရ ကာကွယ်ဆေးအလုံးပေါင်း ၄ သန်းဝယ်ယူရန် ဆုံးဖြတ်ချက်အား ဇွန် ၁၄ ရက်တွင် ဝန်ကြီးအဖွဲ့သို့ တင်ပြချက်ကို Kathmandu Post သတင်းစာ ဆောင်းပါးတွင် ဖော်ပြခဲ့သည်။ သဘောတူညီချက်အရ ဈေးနှုန်းကို အတိအကျမသတ်မှတ်နိုင်သေး

သော်လည်း တစ်လုံးလျှင် ဒေါ်လာ ၁၀ ဝန်းကျင်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်ဟု အိုပါ သတင်းစာတွင် ဖော်ပြထားသည်။

“ကာကွယ်ဆေးဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရမယ့်ကိစ္စတွေဟာ အရေးကြီးပြီး အတိမ်းအစောင်းမခံတဲ့ ကိစ္စတွေ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ခရစ်ရှနာပရာဆက် ပေါ်ဒယ်က ပြောကြားသည်။

ယခုကဲ့သို့ ပေါက်ကြားမှုအပေါ် တရုတ်အစိုးရက နီပေါအစိုးရဌာနများသို့ စိတ်ပျက်မိကြောင်း ဆက်သွယ်အကြောင်းကြားလာသည်ဟု အစိုးရအရာရှိအချို့က အတည်ပြုပြောကြားသည်။ Sinopharm ကုမ္ပဏီကလည်း နီပေါအစိုးရ၏ ကာကွယ်ဆေးဝယ်ယူမှုသတင်း ပေါက်ကြားခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း အကြောင်းကြားလာသည်ဟု အစိုးရ တာဝန်ရှိသူများက Kathmandu Post သို့ အတည်ပြုပြောကြားသည်။

သဘောတူစာချုပ်နှင့် ပတ်သက်၍လည်း ခတ္တမန္ဒူမြို့ရှိ တရုတ်သံရုံးသို့ ဆက်သွယ်ကာ သတိပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly